ဒါ့အပြင် တိုင်းမှူးတွေကို ၂၈၊ ၂၉ ရက်တွေမှ ာသီးခြား စည်းဝေးပွဲ ဖိတ်ထားတယ်လို့ စစ်တိုင်းမှူးတွေနဲ့ နီးစပ်တဲ့သတင်း ရပ်ကွက်က ပြောပါတယ်။ စစ်အစိုးရရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ထားတဲ့ကိုယ်စားလှယ်တွေနဲ့လွှတ်တော်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်မှာမို့ဒါဟာလက်ရှိ စစ်အစိုးရရဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အဖြစ် နောက်ဆုံး ကျင်းပတဲ့ အစည်းအဝေး ဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။ တက်ရောက်မယ့် ဝန်ကြီးတွေနဲ့တိုင်းမှူး အချို့ကတော့ဒီအစည်းအဝေးမှာ ရာထူူးအပြောင်းအလဲနဲ့ နောက် အစိုးရအဖွဲ့မှာ ဆက်တာဝန် ပေးမပေး အဆုံးအဖြတ်ပေးမယ့် အလားလာရှိတာမို့ စိတ်လှုပ်ရှား နေတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။ ဒါ့အပြင် နောက်တက်မယ့် အစိုးရမှာ ပါနိုင် မပါနိုင်ဆိုတာ မသေချာတဲ့အတွက် စစ်တပ် အရာရှိကြီး ကတော်တွေ ရွှေနဲ့စိန်ကို အလုအယက် ဝယ်စုနေကြတာမို့ ရွှေတကျပ်သား ကျပ်ခုနှစ် သိန်း နီးပါး ရောက်သွားပြီလို့ ရန်ကုန် ရွှေကုန်သည်တွေက ပြောပါတယ်။
