တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပ

ကုန်ဈေးနှုန်းကျဆင်းရေး ဦးဆောင်လှုပ်ရှားသူ ကိုထင်ကျော်ရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြန်မာ ဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ မနေ့ညနေပိုင်း က ပြန်လည်ကျင်းပခဲ့ပါတယ်။

2013.01.15
kohtinkyaw_305 ကုန်ဈေးနှုန်းကျဆင်းရေးဦးဆောင်လှုပ်ရှားသူ ကိုထင်ကျော်ရဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ဇန်နဝါရီ ၁၅ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့စဉ်
Photo: RFA/Nay Myo Htun

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ရက် တနင်္ဂနွေနေ့က တော်ဝင်နှင်းဆီခန်းမမှာကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ရိုးရိုးလေး ကုမ္ပဏီပိုင်ရှင် ဦးသိန်းနိုင် ဦးဆောင်တဲ့ လူတစ်စုက ကိုထင်ကျော်ကို ဝင်ရောက်ရိုက်နှက်ခဲ့တဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပျက်သွားခဲ့ရပါတယ်။

အဲဒါကြောင့် မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ ပြန်လည်ကျင်းပခဲ့တာဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်နေမှုများခေါင်းစဉ်နဲ့ပြုလုပ်တဲ့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့ဝန်ထမ်းတွေ လစာရိက္ခာဖူလုံမှ အဂတိလိုက်စားမှုတွေ ကင်းဝေးပြီး တရားဥပဒေစိုးမိုးမှုရှိမှာ ဖြစ်တယ်လို့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်က ပြောကြားခဲ့ပါတယ်။

"ပြည်ထဲရေးဝန်ထမ်းတွေ ဘာကြောင့်လာဘ်စားလဲဆိုရင် အခြေခံလစာ သုံးသောင်းခွဲပဲရတယ် ရဲဝန်ထမ်းတစ်ယောက်ရဲ့လစာ သုံးသောင်းနဲ့ဆိုရင် ခုနစ်သောင်းတောင်မပြည့်ဘူး ပြီးတော့ ၂၄နာရီ တာဝန်ထမ်းဆောင်ရတယ်၊ အဲဒီတော့ ပြည်ထဲရေးဝန်ထမ်းတွေရဲ့လစာကို ထိုင်းနိုင်ငံက ရဲတစ်ယောက်ရဲ့လစာကို မှီအောင်ပေးပါ၊ ရဲဝန်ထမ်းတစ်ယောက်က လစာသုံးသိန်းလောက်မရပဲနဲ့ အဂတိလိုက်စားမှုတွေက လုံးဝမပျောက်ဘူး"

ဒါ့အပြင် အာဏာပိုင်တွေနဲ့နီးစပ်သူ ခရိုနီစီးပွားရေးသမားကြီးတွေက ကဏ္ဍပေါင်းစုံမှာ ချုပ်ကိုင်နေတာကြောင့် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု အားနည်းတာဖြစ်တယ်လို့လည်း ကိုထင်ကျော်က ပြောကြားခဲ့ပါတယ်။

ဒီပွဲကို  ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေနဲ့ ဒေသဆိုင်ရာအာဏာပိုင် စုစုပေါင်း ၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။