ကျောင်းသားသေဆုံးမှု မြစ်ကြီးနား မှာ ဆန္ဒပြ


2016.06.21
gwansanaung-620.jpg မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်က နေအိမ်မှာ မောင်ဂွမ်ဆိုင်းအောင်ရဲ့ ရုပ်အလောင်း ပြင်ဆင်ထားတာကို ဇွန်လ ၂၂ ရက်နေ့ က မြင်ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့သီတာရပ်ကွက်မှာ မနေ့ည ၉ နာရီကျော်လောက်က တပ်မတော်သား ၂ ဦးနဲ့ မြို့ခံ လူငယ်တချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာကနေ အသက် ၁၉ နှစ်အရွယ် ကွန်ပျူတာ တက္ကသိုလ်ကျောင်းသား မောင် ဂွမ်ဆိုင်းအောင်ဆိုသူ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဒီကနေ့ သူ့ရုပ်အလောင်း ကို နေအိမ်သယ်လာစဉ်မှာ ဒေသ ခံလူငယ်တွေနဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေက တပ်မတော်ကို အလိုမရှိကြောင်း ဒီနေ့ ဆန္ဒပြကြ ပါတယ်။

မနေ့ညက ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အခြေအနေကို သီတာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက အခုလို ပြောပါတယ်။

"ကျနော်ရုံးမှာရှိနေတဲ့အချိန်မှာ သေနတ်ကျည်ထွက်တဲ့အသံ ၃ ချက်လောက်ကြားတယ်၊ အခင်းဖြစ် တဲ့နေရာ က ရုံးကနေကိုက် ၂၀၀ လောက်ဝေးတယ်၊ ကျည်ထွက်သွားပြီး လဲတော့လဲသွားပြီ၊ သေလား၊ ရှင်လားတော့ မသိဘူးလို့ ကျနော်ကိုလာပြီး သတင်းပို့တယ်၊ ကျနော်ချက်ချင်းပဲ ရဲစခန်းပို့လိုက်တယ်၊ ဆဲဆို သွားတဲ့ လူငယ်တွေကပဲ ကောင်မလေးနှစ်ယောက်နဲ့ ယောင်္ကျားလေး နှစ်ယောက်ကို လိုက်ပို့ပေးတဲ့ ရဲဘော်နှစ်ယောက်နဲ့ အဲ့မှာသေနတ်ကို ဝင်လုတယ်လို့ပြောပါတယ်၊ အဲ့မှာကျည်ထွက် သွားတာ၊ လောလော ဆယ်သေဆုံးသွားတဲ့သူက ညာဖက်လည်ပင်းနားမှာ ပေါက်သွားတာ"

ဇွန်လ ၂၀ ရက်နေ့ညပိုင်းက ဝိုင်းမော်မြို့နယ် မိုင်းနာကျေးရွာကနေ မြစ်ကြီးနားမြို့ဘက်ပြန်မယ့် လူငယ် အမျိုးသား၂ ဦးနဲ့ အမျိုးသမီး ၂ ဦးက သူတို့ကို နှောင့်ယှက်နေတဲ့ လူငယ်တချို့ ရှိတဲ့အတွက်ဆိုပြီး ဗလမင်းထင် တံတားမှာ တာဝန်ကျနေတဲ့ တပ်မတော်သားနှစ်ယောက်ကို အကူအညီတောင်း ရာ မြစ်ကြီးနားမြို့ကို လိုက်လံ ပို့ဆောင်ပေးစဉ် လူငယ်တချို့က လိုက်လာပြီး တပ်မတော်သား ၂ ဦးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။

တပ်မတော်သားနှစ်ဦးကို အကူအညီတောင်းတဲ့ လူငယ် ၄ ဦးနဲ့ တပ်မတော်သားနှစ်ဦးကို ခေါ်ယူစစ်ဆေးနေတယ် လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ အစိုးရဝန်ထမ်း အိမ်ရာတွေ အနီးအနားမှာလို့လည်း အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။