ကချင် တော်လှန်ရေး နှစ်၅၀ ပြည့် အခမ်းအနား ကြီးကျယ်စွာ ကျင်းပမည်

နှစ်၅၀ပြည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနားနဲ့ မနောပွဲကို KIA အဖွဲ့ အရှေ့ပိုင်းတိုင်း မှာ ခမ်းနားကြီးကျယ်စွာ ကျင်းပမှာဖြစ်တယ်လို့ KIO အဖွဲ့က ထုတ်ဖော် ကြေညာပါတယ်။

2011-02-02
Share
kachin_parade_305_z KIO အဖွဲ့ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များပုံ
Photo: kachinstate.com

အခ်းအနားကို မနက်ဖြန် ဖေဖာ်ဝါရီလ ၃ရက်နေ့ကစပြီး KIA အရှေ့ပိုင်းတိုင်းတပ်မဟာ ၄ နယ်မြေ မိုင်ကြာယန်မှာ ၃ရက်တိုင်တိုင် ကျင်းပမယ်လို့ ဆိုပါတယ်။ KIO အဖွဲ့က ကျင်းပတဲ့ အခ်းအနားတွေဟာ အရင်က ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပတာ ဖြစ်ပေမဲ့ အခုတကြိမ်မှာ အရှေ့ပိုင်းတိုင်း တပ်မဟာ၄ ဌာနချုပ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခမ်းအနား ကျင်းပရေး ကော်မတီဝင် KIA အရာရှိတဦးက ပြောပါတယ်။

“ဘာကြောင့် အရှေ့ပိုင်းတိုင်းမှာ ကျင်းပရသလဲဆိုတော့ ကျွန်တော်တို့ရဲ့ ခံယူချက်ပေါ့လေ၊ ဒီ နှစ် ၅၀ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အမျိုးသား တော်လှန်ရေးဟာ ပိုပြီးတော့မှ အရှေ့ဖက်က ရောင်နီ ထွန်းလင်းတောက်ပ ခံစားရအောင် ဆိုပြီးတော့ အရှေ့ပိုင်းတိုင်းကို ရွေးချယ်ပြီးတော့မှ ဒီမှာ ကျင်းပ ပြုလုပ်ပါတယ်လို့။ တော်လှန်ရေးနေ့ဆိုတော့ ကျွန်တော်တို့ရဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်တယ်။ နောက် ထူးထူးခြားခြားပေါ့လေ၊ နှစ် ၅၀ ပြည့်ဆိုတော့ ကျွန်တော်တို့ ထူးထူးခြားခြား ရှိတဲ့အတွက်ကြောင့် ဒီမှာ မနောပွဲပါ ကျွန်တော်တို့ ကျင်းပခြင်းဖြစ်ပါတယ်။”

အခ်းအနားကို တက်ရောက်ဖို့ ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်မော်၊ ဗန်းမောက်စတဲ့ ဒေသတွေက ကချင်တိုင်းရင်းသားတွေ၊ ယဉ်ကျေးမှုအဖွဲ့ဝင်တွေ မိုင်ကြာယန်မှာ ရောက်ရှိပြီး အစီအစဉ်များကို ဆောင်ရွက်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် တရုတ်ပြည်ဘက်က ကချင် လူမျိုးစုတွေလည်း အခ်းအနားကို တက်ရောက်ဖို့ ရောက်ရှိနေကြပါတယ်။ ဒါ့အပြင် ဒီအခ်းအနားကို စစ်အစိုးရ အာဏာပိုင်တွေကို တရားဝင် ဖိတ်ကြားထားခြင်းမရှိဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့လ အတွင်းက စစ်အစိုးရ ကျင်းပတဲ့ ကချင်မနောပွဲကို မြစ်ကြီးနားမြို့မှာ ကျင်းပါတယ် အဲဒီပွဲကို KIO ခေါင်းဆောင်တချို့သာ တက်ရောက်ခဲ့ပြီး လိုက်ပါလာတဲ့ KIA တပ်သားတွေမှာ လက်နက်တွေ ယူဆောင်လာတာနဲ့ ပတ်သက်ပြီး စစ်အစိုးရအာဏာပိုင်တွေနဲ့ အချေအတင် စကားပြောဆိုရတာတွေ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့