ကလေးမြို့မှာ ဖက်ဒရယ် စနစ် ဟောပြောပွဲ တားမြစ်ခံရ

2014-07-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
ဖက်ဒရယ်ယူနီယံပါတီ(FUP)တည်ထောင်ဖို့ ညီနောင် တိုင်းရင်းသားပါတီများဖက်ဒရေးရှင်း(NBF)က၊ တောင်ကြီးမြို့မှာ ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံဆွးနွေးပွဲကျင်းပခဲ့စဉ်
photo: RFA/ Kyaw Myo Tun

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က ‘သိမ့်’ ခန်းမမှာ ၃ရက်ကြာကျင်းပမယ့် ဖက်ဒရယ်စနစ်နဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ကလေးခရိုင်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက် တစ်ရက်ကျင်းပပြီးမှ ဆွေးနွေးပွဲကို ရပ်ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

အဲ့ဒီအလုပ်ရုံဆွေးနွေးပွဲ စီစဉ်သူတစ်ဦးဖြစ်တဲ့ ဒေသခံ ကိုဇမ်းထွမ်းက အခုလိုပြောပါတယ်။

"FOF အဖွဲ့အနေနဲ့ ဒီမြန်မာပြည်မှာက ၂၅ ကြိမ် လုပ်ပြီးပြီ၊ ပြည်ထောင်စုနယ်မြေကစပြီး တိုင်းနဲ့ပြည်နယ် တော်တော်များများမှာ လုပ်ခဲ့တယ် ၊ ဒီအတောအတွင်းမှာဆိုရင်ပဲ ရွှေဘိုမှာ တစ်ခါလုပ် ခဲ့ပြီးပြီ၊ စစ်တွေမှာလည်းပဲ ဒီလိုမျိုးပဲ ၃ ရက်လုပ်ခဲ့ ပါတယ်၊ စစ်တွေကနေ ဒီကိုရောက်လာတဲ့အချိန် မှာတော့ အပိတ်ခံလိုက်ရတယ်ပေါ့၊ အဲ့ဒီအပေါ်မှာ စိတ်မကောင်းဘူးဗျ၊ တခြားဒီ ၂၅ ပွဲလုံးအဆင်ပြေ ပြီးတော့ ကျနော်တို့နဲ့ကျမှ ဒီလိုမျိုးဖြစ်တယ်ဆိုတော့ ရိုးရိုးပိတ်တာမဟုတ်ပဲနဲ့ တိုင်းဒေသကြီးအဆင့်က အပိတ် ခံရတဲ့ ပုံစံဖြစ်တဲ့အခါကျတော့ ဒီစနစ်က ဘယ်လိုမျိုးဖြစ်တာလဲ ဆိုပြီးတော့ အဲ့အပေါ်မှာ စိတ်မကောင်းဘူးဗျ"

ကနေဒါနိုင်ငံအခြေစိုက် Forum Of Federations (FOF) က ပညာရှင်တွေဟာ ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ ချရေး၊ အာဏာခွဲဝေရေး စတဲ့ခေါင်းစဉ်တွေနဲ့ ပြည်နယ်တော်တော်များများမှာ ဆွေးနွေးဟောပြောနေတာဖြစ်ပါတယ်။

ကလေးမြို့မှာ မနေ့ကစပြီး ၂၃ ရက်နေ့အထိ ဖက်ဒရယ်နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပဖို့ မြို့နယ်ရုံးထံ တင်ပြခဲ့ပြီး မြို့နယ်တာဝန်ရှိသူတွေက ခွင့်ပြုခဲ့တဲ့အတွက် ကျင်းပခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ချင်းနိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီခေါင်းဆောင်တွေ၊ လူငယ်အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်လောက်က ကိုယ်စားလှယ်တွေ တက်ရောက်နေတာဖြစ်ပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

ကဲကဲ .. ခင်ဗျားတို့ကလည်း (၂၅ပွဲ)တောင် ဟောပြောပြီးပြီပဲ။ နားလိုက်ဦး။ နားလိုက်ဦး။
ဟိုဘက်ကလည်း “ဖက်ဒရယ်” ဆိုတိုင်း “ဒရယ်”နဲ့ ဖက်အိပ်ရမယ် အထင်နဲ့ တွေးကြောက်မနေနဲ့။ ကိုယ်“အ”တာ လူသိတယ်။ အသာနေ .. အသာနေ ။

Jul 22, 2014 08:21 PM

အမည်မဖော်လိုသူ

ဟောတာက “ကလေးမြို့” မှာလေ။ ကလေးလေးတွေဆိုတော့ “ဒရယ်ကြီးကို ဖက်”ရမှာ ကြောက်တာပေါ့။

Jul 24, 2014 01:15 AM

ုJames Bond

ဖယ်ဒရယ် ဆိုတာ ကြားလိုက်ရင်ပဲ အလကား ကြောက်နေကြတာက အရင် မဆလခေတ် ဦးနေဝင်း သင်ပေးထားလို့ဘဲ။ စစ်ဗိုလ်တွေကလဲ ဖယ်ဒရယ်လို့ ပြောရင် တိုင်းပြည် ပြိုကွဲမယ် ထင်နေတယ။် မလေးရှားလဲ ဖယ်ဒရယ်ဘဲ အမေရိကားတို့ ဂျာမဏီတို့လဲ ဖယ်ဒရယ်ဘဲ။ ကြီးပွါးလိုက်ကြတာ ကြည့်ပါအုံး

Jul 22, 2014 04:39 PM

ဆိုက်တခုလုံးသို့