ကန့်ဘလူမှာ ထောင်ချခံ လယ်သမားတွေကို ဆက်လက်ထောင်ပြောင်းရွှေ့

2014-07-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က မြေယာပြဿနာ နဲ့ပတ်သက်ပြီး ထောင်ချခံထားတဲ့ လယ်သမား အကျဉ်းသားတွေကို ဒီနေ့မနက်မှာ ရွှေဘိုထောင်ကနေ မိသားစုတွေနဲ့ ဝေးတဲ့ထောင်တွေဆီ ထပ်မံပြောင်းရွှေ့ လိုက်သလို၊ စစ်သားအင်အား ၂၀၀ လောက် က တောင်သူတွေရဲ့ ပြောင်းနဲ့ ပဲစိုက်ခင်းတွေကို ဒီနေ့ ထပ်မံဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။

လယ်သမားအကျဉ်းသားတချို့ကို ဒီနေ့မနက် က ညောင်ဦးထောင်ကို ပြောင်းပို့တဲ့ကိစ္စနဲ့ သီးနှံတွေ ဖျက်ဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"စစ်သားတွေက လူပေါင်း ၂ဝဝ နီးနီးရှိတယ် လာဖျက်ဆီးတာ၊ လူတွေက ဒီယာထဲကရမှ စားရတာ၊ အိမ်သားတွေထဲက ယောကျ်ားတွေကို မတရားသဖြင့် ဖမ်းသွားတော့ ကျမတို့လည်း ဘာမှမလုပ်တတ်မကိုင် တတ်ဖြစ်နေတယ်၊ အခုကျမတို့ကိုလည်း နောက်ထပ်ထပ်ပြီးလည်း တရားစွဲထားသေးတယ်၊ အမှုချိန်းထဲလည်း ပါတယ်"

ဒါ့အပြင် ကျန်ရစ်တဲ့ လယ်သမားအကျဉ်းသားမိသားစုတွေထဲက ဇနီးတွေ၊ သားသမီးတွေကို တစ်အိမ်ထောင်ကို ၂ ယောက် ၃ ယောက်နှုန်းနဲ့ထပ်ပြီးတရားစွဲလိုက်တဲ့အတွက် နောက်ထပ်တရားစွဲခံရသူ အယောက် ၅၀ လောက်ရှိတယ်လို့ပြောပါတယ်။

အခုလို လယ်သမားတွေ ဖမ်းဆီးထောင်ချခံနေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်သမားရေးရာ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုမျိုးသန့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

ကွန်မင့်များ (1)
Share

တကျော့ပြန်

နရေပျ- သမိုင်းဖြစ်ရပ်

ချစ်တီး နဲ့ ဂျပန်ခေတ် ဂျပန်အနွယ်များရဲ့ သားမြေးများ သူတို့အဖိုးတွေ ဘယ်လောက်ဆိုးခဲ့တယ်ဆိုတာ သိချင်ရင် ကနေ့ မြန်မာနိုင်ငံမှာ လာလေ့လာနိုင်ပါတယ်။

Jul 26, 2014 12:20 AM

ဆိုက်တခုလုံးသို့