ကယားပြည်နယ် ရဲတပ်ဖွဲ့ ဥပဒေအကြောင်း ဟောပြော

0:00 / 0:00

ကယားပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက်တွေထဲက မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးတွေ ဆောင်ရွက်နိုင်ရေးအတွက် ကယားပြည်နယ် ရဲတပ်ဖွဲ့ ဝင်တွေဟာ ဥပဒေ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေအတွက် ၂၄ နာရီ အချိန်ပြည့် ထမ်းရွက်သွား မှာဖြစ်တယ်လို့ လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်ဦး က ပြောပါတယ်။

"ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ ပြည်သူကမွေးထုတ်လာတဲ့ ပြည်သူ့ လစာစားနေတဲ့ ရဲဝန်ထမ်းတွေဖြစ်ပါတယ်၊ ၂၄ နာရီ တာဝန်ထမ်းဆောင်နေတယ်၊ ပြည်သူထဲကို ထဲထဲဝင်ဝင် ကူညီလျှက်ရှိပါတယ်၊ ပြည်သူများ လာရောက်အမှုဖွင့်တာပဲဖြစ်ဖြစ် လာရောက်အကူအညီတောင်းတာပဲဖြစ်ဖြစ် ချက်ချင်းဆောင်ရွက်ပေးတယ်ဆိုရင် ပြည်သူများရဲ့ ယုံကြည်ကိုးစားမှု ပြည်သူများနဲ့ တသွေးတသား တည်းဖြစ်အောင် ကျနော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ကူညီဆောင်ရွက်မှုတွေ ၂၄ နာရီအပြည့် ရဲတပ်ဖွဲ့အားလုံး ဆောင်ရွက်လျှက်ရှိပါတယ်"

အခုလို ရပ်ကွက်နဲ့ကျေးရွာအုပ်စုတွေမှာ ကွင်းဆင်းပြီး ပြည်သူတွေနဲ့တွေ့ဆုံမှုဟာ ပြည်နယ်အစိုးရရဲ့ ရက် (၁၀၀) စီမံကိန်းထဲမှာ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

ပြည်သူတွေနဲ့ တွေ့ဆုံမှုကို တစ်လအတွင်း ကယားပြည်နယ်ထဲက လွိုင်ကော်၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော စတဲ့မြို့နယ် ၇ မြို့နယ်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရရဲ့ ရက်တစ်ရာအတွင်းဆောင်ရွက်မယ့် စီမံကိန်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကယားပြည်နယ် ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မူးယစ်ဆေးဝါးပပျောက်ရေးတို့ကို ကယားပြည်နယ်ထဲမှာ လှည့်လည်ဟောပြောနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး လွိုင်ကော်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်ဦး ကို RFA သတင်းထောက် ကိုနေသွေး က တွေ့ဆုံမေးမြန်းထားပါတယ်။