KNU က ကြေညာချက်ထုတ်ပြန်

KNU ကရင်အမျိုးသား အစည်းအရုံးက စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက်တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနေ့ကျင်းပပြီးစီးသွားတဲ့ ၁၅ကြိမ်မြောက် ညီလာခံအပြီးဒီကနေ့နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်

0:00 / 0:00

တစ်လကြာကျင်းပခဲ့တဲ့ ညီလာခံကဟာ KNU တပ်မဟာ၇ နယ်မြေမှာကျင်းပခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် ၁၇၁ဦးတက်ရောက်ခဲ့ပါတယ်။

ညီလာခံမှာဖွဲ့စည်းလိုက်တဲ့ ဗဟိုကော်မတီအသစ်ကို လျှိုဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဥက္ကဌ အဖြစ်ပါဝင်တဲ့ ၁၁ဦးပါ ဗဟိုကော်မတီအသစ်ကို ဖွဲ့စည်းလိုက်သလို KNLA ကရင် အမျိုးသားတပ်မတော် ရဲ့စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် ဂျော်နီကိုခန့်အပ်လိုက်ပါတယ်။

KNUရဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အစိုးရအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးဘို့ လိုတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပေမဲ့ အာဏာပိုင်တွေက လူထုလှုပ်ရှားမူတွေကို အကြမ်းဘက်နိမ်နင်းတာတွေရှိနေတဲ့ အပေါ်စိုးရိမ်မိတယ် လို့လည်း ဖေါ်ပြထားပါတယ်။ ကေအင်ယူ ဗဟိုကော်မီတီရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ဖဒိုမန်းမန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်။