တရုတ်နဲ့ မပတ်သက်ကြောင်း ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင် ငြင်းဆို


2015.02.25
koekant-305.jpg ကိုးကန့်တပ်ဖွဲ့ဝင် တချို့ကိုတွေ့ရစဉ်။
Photo: AFP

ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသားတွေပါဝင် တိုက်ခိုက်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ခေါင်းဆောင် ဦးဖုန်ကြား ရှင်က ဒီနေ့ ငြင်းဆိုလိုက်ပါတယ်။

ကိုးကန့်တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသားတွေနဲ့ တခြားကြေးစားတပ်သားတွေ ပါဝင်တိုက်ခိုက်နေတာ ရှိမရှိ တရုတ်အစိုးရပိုင် အင်္ဂလိပ်သတင်းစာဖြစ်တဲ့ Global Times သတင်းစာက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ရာမှာ ဦးဖုန်ကြားရှင်က အခုလို ပြောကြားလိုက်တာပါ။

၂ဝဝ၉ ခုနှစ်က အဖြစ်အပျက်အပြီး ကိုးကန့်တပ်တွေမှာ တရုတ်နိုင်ငံသား ဝင်ရောက် စစ်မှုထမ်းတာ တွေကို တားမြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသားတွေ ကိုးကန့်ဘက် က ပါဝင်တာမျိုးဟာ ကောင်းကျိုးထက် မိမိတို့အတွက် အန္တရာယ်သာဖြစ်စေနိုင်တာ ကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သားတွေပါလာရင် တရုတ်အစိုးရက သိပြီး ဖိအားပေးတာများလာနိုင်တဲ့အတွက် တရုတ်နိုင်ငံသားတွေပါတာကို တားမြစ်ထားတာဖြစ်တယ် လို့ ဦးဖုန်ကြားရှင်က ပြောပါတယ်။

မြန်မာအစိုးရကတော့ တရုတ်နိုင်ငံသားတွေ ကိုးကန့်တိုက်ပွဲမှာပါဝင်နေသလို တရုတ် နိုင်ငံပိုက်နက်ကို အသုံးပြု ပြီး မြန်မာဘက်ကို အကြမ်းဖက် တိုက်ခိုက်နေတာတွေကိုတားမြစ်ပေးဖို့ တရုတ်အစိုးရကို တောင်းဆိုထားပါတယ်။

MNDAA ကိုးကန့်တပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးထွန်းမြတ်လင်းကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာသာလှရွှေကိုလည်း RFA ဝိုင်းတော်သူ မခင်ခင်အိ ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။