ကွမ်းလုံ တံတား မွမ်းမံတိုးချဲ့ရေး လက်မှတ်ထိုး


2018.03.20
kwanlong-bridge-622.jpg ကွမ်းလုံ ကြိုးတံတားပုံ
.

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အနီးက ကွမ်းလုံ တံတားကို ပြန်လည် မွမ်းမံတိုးချဲ့ဖို့ သဘောတူညီချက်စာခွှန်လွှာကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီး ဦးဟန်ဇော်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွန်လျန်းတို့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော် ကားလမ်းမပေါ်ရှိ လက်ရှိ တံတားကို တံတားအရှည် ၃၂၃ မီတာ၊ ဟိုဖက်ထိပ် ဒီဖက်ထိပ် ကားလမ်း ၃.၉ ကီလိုမီတာ၊ စုစုပေါင်း အလျား ၄.၂ ကီလိုမီတာ ရောက်အောင် တိုးချဲ့ ပြုပြင်သွားမယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးဟန်ဇော်နဲ့ တရုတ်သံအမတ်ကြီး တို့က ဒီတံတားသစ်ပြီးသွားရင် ရှမ်းပြည်နယ်နဲ့ ယူနန်ပြည်နယ် တို့က ပြည်သူလူထုတွေအတွက် သယ်ပို့လုပ်ငန်းအားလုံး အစစ ချောမွေ့ အဆင်ပြေသွားမယ်လို့ ပြောကြပါတယ်။

ကွမ်းလုံ တံတားကို ၁၉၆၅ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး ဝန်တန်ချိန် တန် ၄၀ အထိ ခံနိုင်စွမ်းရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။