ကချင် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်း မီးလောင်

2021.05.27
ကချင် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်း မီးလောင် ၂၀၂၁၊ မေ ၂၆ ရက်နေ့က မီးလောင်ပျက်စီးခဲ့တဲ့ ကချင် ရွှေကူမြို့နယ်က ကျောက်ကြီးရဲစခန်း ကို တွေ့ရစဉ်
Photo: Citizen Journalist

ချင်ပြည်နယ်၊ ရွှေကူမြို့၊ ကျောက်ကြီးရဲစခန်းမှာ မေလ ၂၆ ရက် မနေ့ည ၁၀ နာရီခွဲလောက်က ပေါက်ကွဲသံ နှစ်ချက် ကြားရပြီးနောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အသံကတော့ တော်တော်ကျယ်ပါတယ်။ အစကတော့ ဘယ်ကလဲ မသိဘူး။ တစ်ဆင့်ကြားချိန်မှာ မီးလောင်တယ်ဆိုတာ သိရတာ။ ဗုံးခွဲခံရတာလို့လည်း ပြောကြတယ်”

ဒီရဲစခန်းဟာ ပြီးခဲ့တဲ့ မတ် (၃၀) ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ စခန်းဖြစ်ပြီး အဲဒီအချိန်ကတည်းက စခန်းမှာ လူမရှိတော့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မီးလောင်မှုကြောင့် စခန်းဝင်းအတွင်းက ရဲဝန်ထမ်း အဆောင်တန်းလျား တစ်ခု၊ အဆောက်အဦ သုံးလုံးနဲ့ ဘန်ကာ တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲပြီး မီးလောင်တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းက မြို့လှရဲစခန်းနဲ့ စခန်းမှူး နေအိမ်တွေ မီးရှို့ခံခဲ့ရပါတယ်။

မေလ ၂၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်အတွင်းက နန့်စီဘွမ်း ကျောက်စိမ်းမှော်မှာ တပ်စွဲထား တဲ့ စစ်ကောင်စီရဲ့ ရှေ့တန်း ရဲတပ်ရင်း ၁၅ ရဲ့ တပ်စခန်း လေးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီးနောက် စခန်းတွေကို မီးရှို့ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။