ဟိုတယ်ရှေ့ ဗြောက်အိုးဖေါက် ဆန္ဒပြသူ အဖမ်းခံရ

2014-03-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပုံ
မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီမိတက်က လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပုံ
Photo: RFA

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွဲ ခံရမှု ၁၆ လပြည့်အနေနဲ့ ရန်ကုန်မြို့  ကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ ဒီကနေ့နေ့လည်ပိုင်း က ဗြောက်အိုးပစ်ဖေါက်ဆန္ဒပြခဲ့သူ ကိုအောင်ကိုဦး ကို ကျောက်တံတား ရဲစခန်းက အများပြည်သူ အထိတ်တလန့်ဖြစ်စေမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

အခုလို ဗြောက်အိုးပစ်ဖေါက်ခဲ့ရတာနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခေါ်ဆောင်နေချိန်မှာ ကိုအောင်ကိုဦး က သတင်းမီဒီယာတွေကို အခု လိုပြောခဲ့ပါတယ်။

"ကျနော်တို့ ဒီနေ့ဆိုရင် လယ်တီသိမ်ကြီးကို ဖျက်ဆီးတော့မယ်ဗျ၊ဖျက်ဆီးမှာကို မကျေနပ်တဲ့ အတွက် ကျနော်ခုလို ဗြောက်အိုးဖေါက်ရတာပါ၊ လက်ပံတောင်းမှာရှိနေတဲ့ လယ်တီ သိမ်ကို ဖျက်ဆီး ဖို့ ကြိုးစားနေတယ်ဗျ၊ အဲ့ဒါကို မကျေနပ်လို့ပါဗျ"

ဒါအပြင် ဒီကနေ့မှာကျရောက်တဲ့ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု ၁၆ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီမိုကရေစီအင်အားစုများအဖွဲ့ကလည်း ရန်ကုန်မြို့ မြို့တော် ခန်းမအနီး  ဆန္ဒပြခဲ့ကြသလို ကြေညာချက် တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာထဲမှာရှိတဲ့ သိမ်တော်ကို စီမံကိန်းနေရာနဲ့ လွတ်ကင်းရာကို ပြောင်းရွေ့ဖို့အတွက် ဒေသအာဏာပိုင်တွေက  နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ကြီးရဲ့  ခွင့်ပြုချက်ကို ရရှိထားပြီးပြီလို့လည်း သိရပါတယ်။

ကွန်မင့်များ (5)
Share

ဆြဲခ်

ကိုအောင်ကိုဦး ရေ ..
ဗျောက်အိုးကို တရားမဝင် လက်ဝယ်ထားရှိမှု ၊ မီးခြစ်ကို ပိုင်ဆိုင်မှု (ဒီ ၂ မှု က ခဲယမ်းမီးကျောက် ဥပဒေနဲ့ ငြိနိုင်တယ်။) ဗျောက်အိုးဖောက်တာက ကြိုတင်ကြံစည်မှု (စတ်နဲ့ဆိုင်တဲ့ စိတ္တဇမှု )။ ဒီ ၃ မှု ထပ်တိုးလိုက်ရင် မောင်ရင့်“တသက်စာ” ဖြစ်သွားနိုင်တယ်။
( ၃သိန်း ပေးမလား။ ပြောပေးမယ်။)

Mar 31, 2014 10:00 PM

အမည်မဖော်လိုသူ

ံHotel မှာ နိုင်ငံခြားသားတွေ ရှိနေကြတယ်လေ။ သူတို့တတွေ လန့်သွားပြီး နောက် မလာရရင် တိုင်းပြည်ဝင်ငွေထိခိုက်မယ်လေ။

Mar 31, 2014 07:29 PM

ကုသုိလ္ တစ္ပဲ

နေရပ်- ငရဲ တစ္ပိႆ ာ

သိမ်သမုတ်မှာမို့ သိမ်နုတ်ရပါတယ်။
သိမ်သမုတ်မှာ မဟုတ်ပဲ သိမ်အဆောက်အဦကို ဖျက်ချင်လို့ သိမ်နုတ်တာဆိုရင် သာသာနာကို လိမ်တာလို့ ယူဆနိုင်ပါတယ်။

Mar 31, 2014 03:41 PM

အမည်မဖော်လိုသူ

ပြည်သူတွေ အထိတ်တလန့် ဖြစ်မှာစိုးလို့ ဘာဆို ဘာမှ မပြောပဲ သတင်းတောင် မှောင်ချထားတာ ခုလို “ဗျောက်အိုး”ဖောက်တော့ လွန်တာပေါ့။ မီးခိုးဗုံးဆို ခွင့်လွှတ်လို့ရသေး။

Mar 31, 2014 02:25 PM

ကိုယါပြုတဲ့ကံ ..

နရေပျ- ကိုယ့်ထံပြန်

လယ်တီသိမ်ကို ရွှေ့နေတာ မဟုတ်ပါဘူး။ သိမ်နုတ်ပြီး အဆောက်အဦဟောင်းအနေနဲ့ ဖျက်နေပါတယ်။ (လက်ပံတောင်းတောင်ဘက်ကို လှမ်းစုံစမ်းကြည့်ပါ။)

Mar 30, 2014 08:40 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့