အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ မန္တလေးတိုင်းမှာ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ လွတ်လပ်တဲ့ အသင်း အပင်း ဖွဲ့စည်းခွင့်ရှိဖို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ အလုပ်သမား ၈ဦးကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးက အလုပ်သမား ၅၀၀ လောက်ဟာ ဖေဖော်ဝါရီလ ၁၇ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြတောင်း ဆိုခဲ့တာဖြစ်ပါတယ်။
ဦးဆောင်သူတွေဟာ ခွင့်ပြုမိန့်တင်ပေမယ့် ဆန္ဒပြခွင့်တင်သူဟာ ရန်ကုန်က ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲတပ်ဖွဲ့က ခွင့်ပြုချက် မပေးခဲ့ဘူးလို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။
