ကြေးနီစီမံကိန်း ဒေသခံတချို့ သမ္မတ ဦးသိန်းစိန်ကို တရားစွဲဖို့ ကြိုးပမ်း

2013-03-04
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံပြည်သူ များ တောင်းဆိုဆန္ဒပြနေကြစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်နှင့် ဖမ်းဆီးထားသူများ ပြန်လည်လွှတ်ပေးရန် ဒေသခံပြည်သူ များ တောင်းဆိုဆန္ဒပြနေကြစဉ်
RFA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံ တချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက်  ဒီကနေ့  ဆားလင်းကြီး မြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ရက်နေ့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို အစိုးရက အင်အားသုံးဖြိုခွဲခဲ့ရာမှာ သံဃာတွေနဲ့ ဒေသခံအတော်များများ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေရာမှာ ဖော်ထုတ်အရေးယူဖြေရှင်းမှု မပြုလုပ်ပေးတဲ့အတွက် သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ လက်ပန်းတောင်းတောင် အရေးလှုပ်ရှားနေတဲ့ ရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ် ကျောင်းသား ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ ဦးတိုက်လျှောက်ထားရာမှာ လက်ပန်းတောင်းတောင် ဒေသခံတွေ ကိုယ်စား ဆည်တဲကျေးရွာက မရီဝင်း၊ မ၀င်းဝင်းဌေးနဲ့ အလယ်ရွာက ကိုဇော်နိုင်တို့က ဦးတိုက်လျှောက်ထား တရားစွဲဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ဆားလင်းကြီးမြို့နယ်တရားရုံး တရားသူကြီး ဒေါ်ခင်ခင်ဆွေက တရားစွဲဆိုဖို့ ဦးတိုက်လျှောက်ထားလွှာကို လက်ခံထားလိုက်ပြီး တရားစွဲဆိုမှုကို ဆက်လက်ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေကို တင်ပြပေးသွားမှာဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်ကို တရားစွဲဆိုဖို့အတွက် တရားရုံးအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ သင့်မသင့်ကို မတ်လ ၁၁ ရက်နေ့မှာ  အကြောင်းပြန်မယ်လို့ ပြောကြောင်းသိရပါတယ်။

ကွန်မင့်များ (5)
Share

ချစ်ထွန်း

နေရပ်- singapore

သမ္မတကြီး ဦးသိန်းစိန်အါးတရားစွဲဆိုမှုကိုကန့်ကွက်ပေးကြစေချင်ပါတယ်

Mar 09, 2013 10:27 AM

soelinn

နေရပ်- yangon

အရာရာကိုစဉ်းစားပီးမှာလုပ်ကြဖို့ တိုက်တွန်းလိုပါတယ်
အခွင့် ရေးပေးတိုင်းလဲ..အထူးအခွင့် ကောင်းမယူသင့် ပါဘူး
ခုချိန်ဟာပြုပြင်ပြောင်းလဲရေးလုပ်နေသောအချိန်ခါမို့ 
ဒီလိုမျိုးလုပ်ရပ်တွေမလုပ်သင့် ပါဘူး
ဒီလိုလုပ်လိုက်မယ်စိုရင်တစ်နိုင်ငံလုံးရဲ့ ပြည်သူတွေကိုစော်ကားသေးလုပ်ရပ်မျိုးနဲ့ ထပ်တူကျနေပါလိမ့် မယ်။

Mar 07, 2013 07:50 AM

Nay Mc Kha

နေရပ်- Danmark

ကြေးနီ စီမံကိန်းအတွက် နိုင်ငံတော် သမတကြီး ဦးသိန်းစိန် ကို တရားစွဲဆိုခြင်း အား ကျန်မြန်မာ ပြည်သူလူထုအပေါင်း နဲ့ အတူ လုံးဝ လုံးဝ ကန့်ကွက်ပါသည် မဖြစ်သင့်ပါ တ၇ားစွဲ သူ ( 3 ) ဦးအား ပြန်လည်ပြီးတ၇ား စွဲပါ၇န်လျောက်ထားပါသည်

Mar 06, 2013 09:26 AM

freepp

နေရပ်- shan

မိဘကိုတောင် ဆော်ကားလာပြီ
အရမ်းလွန်တယ်

Mar 04, 2013 11:52 AM

freepp

နေရပ်- shan

မိဘကို စော်ကားတဲ့သားသမီး မြေမြိုလိမ့်မယ်

Mar 04, 2013 11:48 AM

အမည်မဖော်လိုသူ

Do not be too religious. Look at from the human points of view.

Mar 07, 2013 06:56 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့