မကွေးမြို့မှာ ရှိတဲ့ ကေတီဗွီဆိုင်တွေကို ဧပြီလ ၁၁ ရက်နေ့ကစပြီး ခေတ္တယာယီပိတ်ထားဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စာထုတ်ညွှန်ကြားထားပြီး စီစစ်မှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။
စည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်ထားတာရှိမရှိကို စစ်ဆေးဆောင်ရွက်မှာဖြစ်တဲ့အတွက် တစ်စုံတရာ ညွှန်ကြား ချက် ထွက်မလာမခြင်း ခေတ္တပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စာထုတ်ညွှန်ကြားထားတာ ဖြစ်တယ်လို့ တယ်လို့ မကွေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးစိန်အောင် က ပြောပါတယ်။
"တိုင်းဒေသကြီးအစိုးရကနေ ဒီကေတီဗွီတွေကို လိုင်စင်စည်းကမ်းနဲ့ညီ မညီစစ်မယ်၊ သူတို့စစ်ဆေးခြင်း မပြုမီမှာ ယာယီအကုန်ပိတ်လိုက်ပြီ၊ စစ်ဆေးပြီးတော့မှ လိုင်စင်စည်းကမ်းနဲ့ ညီညွှတ်တဲ့ဟာကိုပဲ ပြန်ဖွင့်ခွင့်ပေးမယ့် သဘောပေါ့နော်"
မကွေးမြို့မှာ ဧပြီ ၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ရွှေမြတ်မင်းသမီး ကာရာအိုကေနဲ့ စားသောက်ဆိုင် မီးလောင် ခဲ့ပြီး လူ၁၆ ဦးသေဆုံးခဲ့ပြီးနောက်မှာ ကေတီဗွီဆိုင်တွေကို စစ်ဆေးဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီ ကေတီဗွီဆိုင် မီးလောင်မှုနဲ့ ပတ်သက်ပြီး မကွေးမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅၊ ၃၀၄ (က) တို့နဲ့ ဆိုင်ပိုင်ရှင်ကို အမှုဖွင့်စစ်ဆေးဆောင်ရွက်နေပါတယ်။
မကွေးမြို့ပေါ်မှာ ကေတီဗွီဆိုင်ပေါင်း ၂၆ ဆိုင် ရှိတယ်လို့ သိရပါတယ်။