အစိုးရနဲ့ အရပ်ဘက် ပူးပေါင်းဖို့ မန္တလေးတိုင်း ဝန်ကြီးချုပ်ပြောကြား

2016-08-06
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့မှာ သြဂုတ်လ ၆ ရက်နေ့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေ ဝန်ကြီးဌာနနဲ့  လူမှုရေးအသင်းဖွဲ့တွေ တွေ့ဆုံပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အမှာစကားပြောကြားစဉ်
မန္တလေးမြို့မှာ သြဂုတ်လ ၆ ရက်နေ့က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေ ဝန်ကြီးဌာနနဲ့ လူမှုရေးအသင်းဖွဲ့တွေ တွေ့ဆုံပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အမှာစကားပြောကြားစဉ်
Photo: Hset Paing Toe/ RFA

လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ကွဲပြားမနေဘဲ အစိုးရနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။

ဒီနေ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အထက်မြန်မာပြည် ခြေစိုက် လူမှုရေးအသင်းဖွဲ့ ၄၀၀ ကျော်နဲ့ မန္တလေးမြို့က ဟိုတယ်မန္တလေးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ ပြော ခဲ့တာဖြစ်ပါတယ်။

"အစိုးရဖွဲ့တစ်ဖွဲ့တည်းလုပ်လို့မရဘူးဆိုတာ ကျနော်တို့နားလည်ထားပါတယ်၊ ဘယ်သူ့အကူအညီတွေ လိုလဲ၊ ကျနော်တို့အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အကူအညီလိုပါတယ်၊ ကျနော်တို့လက်တွဲ လုပ်ကြမယ်၊ အကွဲကွဲအပြားပြားမဖြစ်ဖို့လိုပါတယ်၊ ဒါကြောင့်ဒီနေ့ခေါ်ရတဲ့ရည်ရွယ်ချက်က လုပ်ငန်းတစ်ခု ကို ချောချောမွေ့မွေ့နဲ့ သတင်းအချက်အလက်ကအစ တစ်ကယ်ကို ထိထိရောက်ရောက်လုပ်တဲ့အချိန်ထိ ကျနော်တို့အစိုးရနဲ့ အရပ်ဘက်လူ့အဖွဲ့ အစည်းတွေ ချောချောမွေ့မွေ့လုပ်ဖို့ ဘယ်လိုထူထောင်ကြမလဲ၊ ဘယ်လိုဆက်သွယ်ကြမလဲ၊ ဘယ်လိုအချိန်နဲ့ တပြေးညီအကုန်လုံးတိတိ ကျကျဆောင်ရွက်နိုင် ဖို့ တွေ့ဆုံခြင်းဖြစ်ပါတယ်"

ပြည်သူတွေအတွက် ထိရောက်တဲ့ကူညီစောင့်ရှောက်မှုတွေ ရရှိနိုင်ဖို့ အစိုးရနဲ့ လူမှုရေး အသင်းအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောခဲ့ပါတယ်။

ရှေ့ဆက်လုပ်ဆောင်မယ့် လူမှုရေးလုပ်ငန်းတွေမှာ အစိုးရဌာနနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုတာကို ညှိနှိုင်းဖို့ တွေ့ဆုံကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို မန္တလေးတိုင်းမှာရှိတဲ့ လူမှုရေးအသင်းဖွဲ့တွေအပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက အသင်းအဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လတ်တလောကြုံတွေ့နေရတဲ့ ရေဘေးကူညီကယ်ရေးလုပ်ငန်းမှာလည်း အစိုးရနဲ့ နယ်မြေခံ လူမှုရေးအသင်း အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်နိုင်မှု အားနည်းခဲ့တဲ့အတွက် ကူညီမှုမရရှိဘဲ ကျန်နေခဲ့တဲ့နေရာတွေနဲ့ပတ်သက်ပြီး လည်း ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ လူမှုရေးအသင်းအဖွဲ့ဝင် ၅၀၀ ကျော်က အစိုးရဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောဆိုဆွေးနွေးခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့