အကြမ်းဖက်သင်တန်း တက်ထားသူတွေ ဖမ်းမိ


2017.06.03
maungtaw-terrorist-arrest-620.jpg ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့သူတွေကို နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားစဉ်
Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့သူတွေကို နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက် ညပိုင်းက မောင်တောမြို့နယ် သရေကုန်းတန်း (အနောက်ရွာ)နေ အဒူရာမန် ကို စစ်ဆေး ရာကနေ အကြမ်းဖက်စစ်သင်တန်း တက်ရောက်ခဲ့သူ နှစ်ဦးနဲ့ မသင်္ကာသူတွေကို ဖမ်းဆီးရမိခဲ့တယ် လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားသူတွေထဲက အဒူရာမန်ကို စစ်ဆေးရာမှာ လေယာဉ်ကွင်းကျေးရွာက ရာအိမ်မှူး နှစ် ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း၊ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက တစ်ရွာတည်းနေ ဂျော်ဒီ ဟူဆောရဲ့အိမ်မှာ အဖွဲ့ဝင် ၁၂ ဦးကို  စစ်သင်တန်းတွေ သင်ကြားပေးခဲ့တယ်ဆိုပြီး ထွက်ဆိုထားတယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်သင်တန်းတက်ထားသူ ရှော်ရှီးဒူးလ္လာ(ခ)ရှော်ရိတူလ္လာ (၁၉)နှစ် နှင့် ဖူတူးယာ(ခ) အေနာတူလ္လာ ၊ ဆော်လီမူလာ (၅၅)နှစ် အပါအဝင် (၅) ဦးတို့ကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။