မိကျောင်းကန် ရပ်ကွက်သားများ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြ

2013-06-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇွန်လ ၂၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ၁ ၊ ၂၊ ၃ က မူလမြေပိုင်ရှင်များ ဆန္ဒပြနေကြစဉ်
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ဇွန်လ ၂၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ၁ ၊ ၂၊ ၃ က မူလမြေပိုင်ရှင်များ ဆန္ဒပြနေကြစဉ်
photo: RFA/ Sai Tun Aung Lwin

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် ၁ ၊ ၂၊ ၃ က မူလမြေပိုင်ရှင်ဆိုသူ လူအင်အား ၂ဝဝ လောက်ဟာ ဒီနေ့ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ သူတို့မြေနေ ရာတွေ ပြန်ပေးဖို့ တူညီဝတ်စုံတွေဝတ်ဆင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်က သင်္ယန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်က မြေတွေကို စစ်တပ်က သိမ်းယူခဲ့ပြီး အဲဒီမြေနေရာတွေကို နှစ်ပေါင်း ၂ဝ ကျော် ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ဆန္ဒပြသူတွေက သူတို့သာ မူလမြေပိုင်ရှင်တွေဖြစ်ကြောင်း မြေနေရာ ငှားရမ်းခဲ့သူတွေကိုတော့ မြေအစား ချပေးခဲ့ပေမယ့် မူလပိုင်ရှင်တွေကိုတော့ ဘာမှလျော်ကြေးမပေးတဲ့ အတွက် အခုလို ဆန္ဒပြတောင်းဆိုရတာဖြစ်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

"ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းအရင်းဟာ ကျနော်တို့ ပထမအကြိမ်၊ ဒုတိယအကြိမ် ကျနော်တို့မြေကို မတရားသိမ်းခံရတဲ့အတွက်၊ ၁၉၉၁ ခုနှစ်က စစ်အာဏာရှင်တွေက ကျနော်တို့ကို ခွေးမောင်းထုတ်သလို မောင်းထုတ်ပြီးတော့ ကျနော်တို့နေတဲ့နေရာတွေကို သိမ်းဆည်းထားတယ်၊ အဲဒါကြောင့်ကျနော်တို့က ဆန္ဒပြခဲ့တယ်၊ အခု ၅ ကြိမ်မြောက်ရှိသွားပြီ၊ ဒါကိုလည်း ပြည်ထောင်စု အစိုးရအနေနဲ့ လှည့်ကြည့်မှုမရှိဘူး၊ ကျနော်တို့ကို မဖြေရှင်းပေးဘူး၊ မသိချင်ယောင်ဆောင်နေတယ်"

ဒီဆန္ဒပြပွဲဟာ တရားဝင်ခွင့်ပြုချက်ရယူ ဆန္ဒပြခဲ့တာဖြစ်ပြီး မိကျောင်းကန်ရပ်ကွက်က မြေသိမ်းခံခဲ့ရသူတွေအပြင် မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်က မြေသိမ်းခံရသူ ၃ဝ ကျော်လောက်လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့