မိကျောင်းကန် သပိတ်စခန်း ဖြိုခွင်းခံရ

2014-03-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ်
ဘိုင်းဘွားပိုင်မြေတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က သပိတ် စခန်းဖွင့်ကြတဲ့ မိချောင်းကန် မူလမြေပိုင်ရှင်များကို မြင်ရစဉ်
photo: RFA/ Kyaw Lwin Oo

ရန်ကုန်မြို့တော်ခန်းမရှေ့မှာ  သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် သပိတ်စခန်း ကို ဒီနေ့မနက် ၃ နာရီ ၁ဝ မိနစ်မှာ လူအင်အား တစ်ထောင်လောက်က အကြမ်းဖက်ဖြိုခွင်း ခဲ့တဲ့အတွက်  ဆန္ဒပြသူ ခြောက်ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။

သပိတ်စခန်းဖြိုခွဲခံရပုံကို မိကျောင်းကန်ရပ်ကွက်က ဦးကျော်လွင်က ပြောပြပါတယ်။

"၃ နာရီ ၁ဝ မိနစ်မှာ သူတို့ဟိုဘက်ဒီဘက်ထိပ်ကို ပိတ်ပြီးတော့ဝင်ချလာတယ် လူအင်အားအများကြီးပဲ အင်အားကတော့ တစ်ထောင်ကျော်လောက် ရှိမယ်ဗျ အရပ်ဝတ်တွေနဲ့ပဲ အခကျေးငွေများပေးပြီးတော့ ငှားရမ်းထားတဲ့လူမျိုးတွေ ဖြစ်မယ်ထင်တယ်၊ စည်ပင်ကလည်း လူပါတယ်၊မြို့နယ်မှူးလည်းပါတယ် အမိုးအကာကိုဆွဲကြတယ်ဗျာ သူတို့ကလည်းသူတို့ကလည်းဆွဲတယ်ဗျာ ဝါးလုံးတွေလဲဆွဲကြတယ် ကျွန်တော်တို့က လဲပြန်ဆွဲတယ် လဲကြကွဲကြ အော်ကြဟစ်ကြပေါ့ အကြမ်းဖက်သိမ်းသွားတယ် အမျိုးသမီးတွေလဲ တော်တော်များများ ဒဏ်ရာ ရကြတယ်"

မနက် ၄ နာရီ ၄၅ မိနစ်လောက်မှာ ဒဏ်ရာရသူ ခြောက်ဦးကို ရန်ကုန်နာရေးကူညီမှုအသင်းက လူနာတင် ကားနှစ်စီးနဲ့ လာရောက်ခေါ်ဆောင်သွားတယ်လို့လည်း ဦးကျော်လွင်က ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ မိကျောင်းကန် (၁) ရပ်ကွက်၊ (၂) ရပ်ကွက်နဲ့ (၃)ရပ်ကွက်မှာရှိတဲ့ မြေနေရာတွေကို တပ်ပိုင်မြေအဖြစ် အသိမ်းခံရတဲ့အတွက် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသပိတ်စခန်းဖြိုခွဲခံရတာကို  မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ မိကျောင်းကန်ရပ်ကွက်က ဦးကျော်လွင်ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကွန်မင့်များ (3)
Share

MR. RABBIT

စစ်တပ်က ပြည်သူလူထုကို အမိအဖသဖွယ် မှတ်ယူဖို့ တပ်ချုပ်ကြီးက မှားထားတာဆိုတော့ စစ်တပ်ကဆိုရင် ဒီလိုအကြမ်းဖက် ဖြိုခွင်းမှာ မဟုတ်ဘူး။

Apr 01, 2014 01:23 AM

အမည်မဖော်လိုသူ

အင်အား တစ်ထောင်ကျော်က ယူနီဖောင်းဝတ်တွေ မဟုတ်လို့ စစ်တပ်ကလို့ ပြောမရသလို ၊ ရဲလို့လည်း ပြောမရအောင် “လက်တလုံးခြား” အင်အားအဖြစ် စုစည်းထားတာပါ။ (အရင်ခေတ်က “စွမ်းအားရှင်” လိုပေါ့။)

Mar 31, 2014 06:57 PM

အမည်မဖော်လိုသူ

“လမ်း တခြမ်းခင်း” ရဲ့ ကတိအတိုင်း ဖြေရှင်းပေးလိုက်တဲ့ ဗျူဟာမြောက်လုပ်ရပ်ပေါ့ဗျာ။ ( မယုံ မရှိပါနဲ့။ )

Mar 31, 2014 02:16 PM

ဆိုက်တခုလုံးသို့