လွှတ်တော်ကိုယ်စား လှယ်တွေ ဖြေဆိုပြီးသားမေး ခွန်းတွေ ပြန်မေးနေတယ်လို့ မွန်ဝန်ကြီးချုပ် ပြောကြား


2016.12.07
minminoo-mon-minister-620.jpg ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ စတုတ္ထအကြိမ် ပြန်လည်စတင်ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေး ပထမနေ့မှာ ဝန်ကြီးချုပ် ဦးမင်းမင်းဦး မိန့်ခွန်းပြောကြားနေစဉ်
Photo: Kyaw Lwin Oo/RFA

လွှတ်တော်ကိုယ်စားလှယ်တွေဟာ မေးပြီးသားအဆိုတွေနဲ့ မေးခွန်းတွေကို ပြန်လည်မေးမြန်းနေကြတယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး က မွန်ပြည်နယ်လွှတ်တော်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

စတုတ္ထအကြိမ် ပြန်လည်စတင်ကျင်းပတဲ့ မွန်ပြည်နယ်လွှတ်တော် အစည်းအဝး ပထမနေ့မှာ ဝန်ကြီးချုပ် ဦးမင်းမင်းဦး က မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ပထမအကြိမ် လွှတ်တော်တွင် ဖြေဆိုပြီးဖြစ်သော မေးခွန်းများကို ပြန်လည်မေးမြန်းခြင်း၊ ကိစ္စတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းပြီး ကိုယ်စားလှယ်တစ်ဦးက မေးခွန်းမေးမြန်းခြင်း တို့ကို တွေ့ရှိရပြီး တချို့သောအဆိုများသည် မေးခွန်းအဖြစ်သာ မေးမြန်းသင့်သောကိစ္စရပ်များဖြစ် သဖြင့် မေးခွန်းအဖြစ်သာ ပြင်ဆင်မေးမြန်းနိုင်ပါရန် လွှတ်တော်ဥက္ကဌမှ ဆောင်ရွက်ပေးသင့်ပြီး လွှတ်တော်မှ အတည်ပြုခဲ့သည့် တချို့အဆိုများသည် အကောင်အထည်ဖော်ဆောင်ရွက်ရန် အခက်အခဲများရှိသကဲ့သို့ တချို့အဆိုများသည်လည်း လွှတ်တော်မှာပြဌာန်းခဲ့သည့် ဥပဒေများအား လွှမ်းမိုးလျှက်ရှိကြောင်း တွေ့ရှိရသဖြင့် ဥပဒေကိုကျော်လွန်ပြီး အကောင်အထည်ဖော်ဆောင်ရွက်၍ မရနိုင်သည့် အခြေအနေရှိနေသည်ကို တွေ့ရှိ ရပါကြောင်း ပြောကြားလိုပါတယ်"

အစိုးရသစ်လက်ထက်အတွင်း မွန်ပြည်နယ်လွှတ်တော်မှာ အဆိုပေါင်း ၁၉ ခု နဲ့ မေးခွန်းပေါင်း ၆၆ ခု မေးမြန်း ခဲ့ပါတယ်။

မွန်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ အကျင့်ပျက်မှုတွေနဲ့ တိုင်ကြားခံရလို့  NLD ပါတီ ဗဟို က လေ့လာသုံးသပ်ရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမေးမြန်းခံနေရသူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။