အကြွေးယူထားပြီး ပြန်မဆပ်သည့် လွှတ်တော်ကိုယ်စားလှယ် အတိုင်ခံရ

၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ ရေနံချောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဝင်းဟာ အရပ်သား လုပ်ငန်းရှင်တဦးကို ကျပ်ငွေ သိန်း ၁၃ဝ မပေးချေသေးတဲ့အတွက် နစ်နာသူလုပ်ငန်းရှင်က သက်ဆိုင်ရာကို တိုင်တန်းထားတယ်လို့ သိရပါတယ်။
2011-07-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အာရှမြေသြဇာ အရောင်းကိုယ်စားလှယ် ဦးစန်းပွင့် ဆီက မြေသြဇာ သိန်း ၁၈ဝ ဖိုးကို ၂ဝဝ၉ ခုနှစ် ကတည်းက ရယူထားပြီး သိန်း ၅ဝ ဖိုးသာ ပေးချေထားတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ငွေကို ဦးစန်းပွင့်က တောင်းတဲ့အခါ အာဏာနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒီ အမှုနဲ့ ပတ်သက်လို့ သိရှိထားသူ တဦးက ပြောပါတယ်။

“အဲဒါကို သွားတောင်းတဲ့အခါ သူက ငါ့ကို ဘာကောင်ထင်သလဲ၊ ငါ ပြည်ခိုင်ဖြိုးအမတ် ဖြစ်နေပြီ မသိဘူးလား၊ နောက်တခါ ငါ့ဆီ လာတောင်းစရာ မလိုဘူးလို့ ကြိမ်းမောင်းပြီး တိုင်ချင်ရာတိုင်ဆိုတော့ ဝန်ကြီးချုပ်ဆီ လှမ်းတိုင်တာပေါ့။ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေထံကို တိုင်တာ”

ပေးချေဖို့ ကျန်တဲ့ငွေ ရလိုမှုနဲ့ ပြီးခဲ့တဲ့လမှာ ဦးစန်းပွင့်က တိုင်တန်းလိုက်တာပါ။ ဒီအမှုနဲ့ ပတ်သက်ပြီး မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖုန်းမော်ရွှေက နှစ်ဦးစလုံးကို ခေါ်ယူတွေ့ဆုံတယ်လို့ သိရပါတယ်။ ဒီ အမှုကိစ္စကို သူ ဆောင်ရွက်ပေးမယ့် အကြောင်းနဲ့ သတင်းဌာနတွေကို မပြောဖို့ မကွေးတိုင်း ဝန်ကြီးချုပ်က  ဦးစန်းပွင့်ကို မှာကြားထားတယ်လို့လည်း သိရပါတယ်။

ဦးအောင်နိုင်ဝင်းဟာ ၈၈ လူထုအုံကြွမှု အရေးတော်ပုံအတွင်း ရေနံချောင်းမြို့မှာ တက်ကြွတဲ့ကျောင်းသား ခေါင်းဆောင်တဦး အဖြစ် အစာငတ်ခံ တိုက်ပွဲ ဝင်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ ရပ်တည်ချက် ပြောင်းသွားပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ဖြစ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ခုလို အမှုမျိုး ကျူးလွန်ကြောင်း ပေါ်လွင်ထင်ရှားရင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ထုတ်ပယ်နိုင်တယ်လို့ ၂ဝဝ၈ ဖွ့ဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ဖော်ပြထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့