MSF အဖွဲ့ကို တာဝန်ယူကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြောကြား

2014-07-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ဇူလိုင် ၂ ရက်နေ့ က ပြည်နယ်ဝန်ကြီးချုပ်အသစ် ဗိုလ်ချုပ်မောင်မောင်အုန်း မိန့်ခွန်းပြောကြားစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အစိုးရက MSF ခေါ် နယ်စည်းမထား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ ပြန်လည် ဝင်ရောက် လုပ်ကိုင်ဖို့ ဖိတ်ခေါ်ချက်ကြောင့် ဒေသ ခံရခိုင်တိုင်းရင်းသားတွေမကျေနပ်မှုတွေ ဖြစ်ပေါ် ခဲ့ရတဲ့အတွက် တောင်းပန်ကြောင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေ အတွက် ပြည်နယ်အစိုးရက တာဝန်ယူကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက စစ်တွေမြို့က သံဃာ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို မနေ့က အကြောင်း ကြားစာ ရေးသားပေးပို့ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေးပို့တဲ့ အကြောင်းကြား စာနဲ့ ပတ်သက်ပြီး စစ်တွေမြို့ ရပ်မိရပ်ဖအဖွဲ့ဝင် ဦးသန်းထွန်းက အခုလိုပြောပါတယ်။

"ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လည်း ခုလိုတောင်းပန် တဲ့စာ ပြန်ထုတ်ထားပါပြီ၊ ဒါပေမဲ့ သဘောမတူ တာ၊ ကန့်ကွတ်တာရှိနေတာပါပဲ၊ ဒါပေမဲ့ သူတို့ဝင်ရောက်တဲ့အခါမှာ ဝင်ရောက်လုပ်ကိုင်တဲ့အပေါ်မှာ အလိုမကျမှုတွေ၊ မကျေနပ်မှုတွေရှိလာရင် ဘယ်လိုတွေဆက်လုပ်ကြမလဲဆိုတာကိုတော့ ဒီသံဃာတော်တွေ လူမှုအဖွဲ့အစည်းတွေ အကုန်လုံး ကွင်းလုံးကျွတ်အစည်းအဝေး လုပ်ပြီးမှအဲ့ဒီ ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်ဆောင်သွားမယ်လို့ နဂိုကတည်းက ဆုံးဖြတ်ပြီးသားပါ"

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ MSF အဖွဲ့ကို ရခိုင်ပြည်နယ်ထဲ ပြန်လည်ဝင်ရောက်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ချက်ဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ဆန့်ကျင်နေတယ်ဆိုတာကို သိပေမယ့် မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာ ဆိုးဝါးတဲ့ပုံရိပ်တွေနဲ့ လွန်ကဲစွာ ဝေဖန်သုံးသပ်ခံနေရသလို နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ အချိန် အခါဖြစ်နေတဲ့အတွက်ကြောင့် MSF အဖွဲ့ကို ပြန်လည်ဖိတ်ခေါ်တာဖြစ်တယ်လို့ ဝန်ကြီးချုပ်ပေးပို့တဲ့စာ မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း ဘက်လိုက်တာ၊ ခွဲခြားဆက်ဆံတာ၊ နိုင်ငံရေးကိစ္စရပ်တွေ မှာ သွေးထိုးလှုံ့ဆော်တာတွေ မရှိစေရဘဲ ရခိုင်တိုင်းရင်းသားတွေရဲ့ဆန္ဒအတိုင်းသာ ဆောင်ရွက်စေ မှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်တွေကို ပြည်နယ် အစိုးရက တာဝန်ယူကြောင်း ဖော်ပြထားပါတယ်။

ပြည်နယ်အစိုးရအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့ရာမှာ ဒေသခံရခိုင်တိုင်းရင်းသားတွေက MSF အဲ့ဒီဖိတ်ခေါ်ချက်အပေါ် သဘော မတူကြောင်း ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

Myo Aung

We have never recognized these illegal Bengali Muslims. They use a new name with misleading stories. Their motherland is the Bangladesh. We have many evidence as they have created huge problem to Myanmar, including Rakhine

Aug 03, 2014 05:38 AM

Jim

နေရပ်- usa

Russell,
Go back to school and learn history.

Jul 31, 2014 06:50 PM

Kyaw

နေရပ်- U.S.A

We, native people of Arakan, highly recognize your Org. which is delivering an emergency aid to the affected people who are faced to victims by conflict, disasters and epidemics. We really appreciate that MSF's health care provide to people who need to emergency medical help in nearly 70 countries around the world. We Arakanese people need of your aid; however, we are still suffering under your discrimination aid only one-side. You should understand and pay attention why native Arakanese people need of medical care because we are faced conflict, natural disasters and deadly epidemic under the ruling Military Government.

Jul 31, 2014 10:14 AM

Russell

Rohingyas are also native of Arakan(Not Rakhine)

Jul 29, 2014 11:14 PM

Jim

နေရပ်- USA

Russell
Go back to school and learn history

Jul 31, 2014 06:51 PM

ဆိုက်တခုလုံးသို့