ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးဆိုတာဟာ အလိမ်အညာလို့ ARSA စွပ်စွဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေ ပြန်ခေါ်ရေးဆိုတာဟာ သူတို့ကို ကာလရှည်ကြာ စခန်းသွင်းပြီး ပိတ်လှောင်ထားမယ့် ကောက်ကျစ်တဲ့ အလိမ်အညာ စီမံကိန်းတရပ်ဖြစ်တယ်လို့ အာဆာ ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ က ရေးသားဖေါ်ပြလိုက်ပါတယ်။

တွစ်တာ လူမှုစာမျက်နှာကနေ ရေးသားရာမှာ ဒုက္ခသည်တွေကို မူရင်းရပ်ရွာတွေမှာ ပြန်ပြီးနေရာချထားမှာ မဟုတ်ဘဲ ယာယီစခန်းလို့ ပြောနေတဲ့ စခန်းတွေမှာ လနဲ့ နှစ်နဲ့ ချီပြီး ချုပ်လှောင်ထားလိမ့်မယ်၊ ကိုယ့်အိမ်ကိုယ်ယာ ပြန်ရမှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။

မြန်မာ အစိုးရကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ အခုပြန်လာဖို့ စာရင်းပေးထားတဲ့ ဒုက္ခသည် ၁၁၀၀ ကျော်ကို စိစစ်နေပြီး ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်လက်ခံသွားမယ်လို့ ကြေညာထားပါတယ်။