နယ်စပ်ဒေသ မြေမြှုပ်မိုင်း ရှင်းလင်းရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ


2017.04.06
landmine-620.jpg မြေမြှုပ်မိုင်းတစ်လုံးကို တွေ့ရစဉ်
.

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ချထားတဲ့ မြေမြှုပ်မိုင်းတွေနဲ့ လက်လုပ်ဗုံးတွေကို ရှင်းလင်းရေး အပါအဝင်၊ နယ်စပ်တလျောက် လုံခြုံငြိမ်းချမ်းရေးအတွက် လိုအပ်တာတွေဆောင်ရွက်ကြဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲဦးစီးချုပ် ဗိုလ်မှူးချုပ်မျိုးဆွေဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် ၆ ဦးပါအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တွဲဘက်ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ရာမန် ဦးဆောင်တဲ့ ၁၆ ဦးပါ အဖွဲ့တို့ ၅ ရက်ကြာ နယ်စပ်ကိစ္စ ဆွေးနွေးပွဲအပြီးမှာ သဘောတူကြေညာချက် ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဟာ မိုင် ၁၇၀ နီးပါးရှည်လျားပြီး၊ မိုင် ၉၀ လောက်က တောတွေ ၊ တောင်တွေနဲ့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ရာဇဝတ်သားတွေ၊ မူးယစ်ဆေးနဲ့ လက်နက်မှောင်ခိုသမားတွေ၊ မြန်မာဘက်က ခွဲထွက်ရေးသူပုန်အဖွဲ့တွေ လှုပ်ရှားနေကြပါတယ်။

နစ်နိုင်ငံနယ်စပ်အနီးမှာ ယာဘမူးယစ်ဆေးထုတ်လုပ်တဲ့ စက်ရုံပေါင်း ၄၉ ခုရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တယ်လို့ ဗိုလ်မှူးချုပ် ရာမန်က ပြောပါတယ်။

မြန်မာဘက်ကလည်း ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခြေအနေတွေ တည်ငြိမ်အေးဆေး သွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးဖို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။