မြန်မာနိုင်ငံ နဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံနဲ့ နိုင်ငံ ၇ နိုင်ငံအကြား သံတမန်အဆက်အသွယ် ထူထောင်ဖို့ ပြည်ထောင်စု လွှတ်တော်ထံ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သဝဏ်လွှာပေးပို့ထားတာဖြစ်ပြီး ဒီနေ့မှာ လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦးက ထောက်ခံဆွေးနွေးပြီး အတည်ပြုလိုက်တာပါ။
မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မယ့်နိုင်ငံတွေ လိုက်ဘေးရီယား၊ ဂီနီ၊ ဗာတီကန်၊ အီကွေဒေါ၊ မော်လ်တာ စတဲ့ နိုင်ငံတွေဖြစ်ပြီး လက်ရှိအချိန်အထိ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုမှာ နိုင်ငံပေါင်း ၁၁၄ နိုင်ငံအထိ ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် သံတမန်ဆက်သွယ်တဲ့အခါမှာ တိုင်းပြည်ရဲ့ဘဏ္ဍာငွေအခြေအနေအရ နိုင်ငံအားလုံးမှာ သံရုံးတွေဖွင့် လှစ်သွားမှာ မဟုတ်ဘဲ နီးစပ်ရာ အဆင်ပြေတဲ့နိုင်ငံတွေမှာ သံအမတ်ကြီးတွေ ထားသွားမှာဖြစ်တယ်လို့ သိရပါတယ်။
