မြန်မာအပါအဝင် ကမ္ဘာ့ပညာရေးဆိုင်ရာကဏ္ဍတွေ တိုက်ခိုက်ခံရမှု ၂ဝ ရာခိုင်နှုန်းတိုး

RFA Burmese
2024.09.09
မြန်မာအပါအဝင် ကမ္ဘာ့ပညာရေးဆိုင်ရာကဏ္ဍတွေ တိုက်ခိုက်ခံရမှု ၂ဝ ရာခိုင်နှုန်းတိုး စစ်ကိုင်းတိုင်း ကလေးမြို့ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရအပြီး တွေ့ရသည့် မြင်ကွင်း။
Citizen Photo

ကမ္ဘာတစ်ဝန်းက ကျောင်းသားတွေနဲ့ ပညာရေး အဆောက်အအုံတွေ တိုက်ခိုက်ခံရမှုဟာ ၂၀၂၂ နဲ့ ၂၀၂၃ နှစ်နှစ်အတွင်း ၂ဝ ရာခိုင်နှုန်းတိုးလာပြီး အထူးသဖြင့် မြန်မာလို စစ်ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ တိုက်ခိုက်ခံရတယ်လို့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ UNESCO က စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

UNESCO အဖွဲ့ဝင် ပညာရေးဆိုင်ရာ တိုက်ခိုက်ခံရခြင်းကနေ ကာကွယ်ရေးကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်း Global Coalition for Protecting Education from Attack က လေ့လာချက်ကို ကိုးကားပြောကြားတာလည်း ဖြစ်ပါတယ်။

နှစ်နှစ်အတွင်း ကျောင်းသားတွေ၊ အတတ်ပညာရှင်တွေနဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေ အကြိမ် ခြောက်ထောင် တိုက်ခိုက်ခံရတယ်လို့ ပြောပါတယ်။ ဒါဟာ တစ်နေ့ကို ရှစ်ကြိမ်နှုန်းနဲ့ ညီမျှပြီး ပညာရေး အဖွဲ့အစည်းတွေကို စစ်ရေးအတွက် အသုံးပြုမှုပေါင်း တစ်ထောင်ရှိတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နှစ်နှစ်အတွင်း တိုက်ခိုက်ခံရမှု ၂ဝ ရာခိုင်နှုန်းတိုးလာတာဖြစ်ပြီး အထူးသဖြင့် လောလောဆယ် ပဋ္ဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာ၊ အရှေ့အလယ်ပိုင်း၊ ဂါဇာဒေသ၊ ကွန်ဂို၊ ဆူဒန်၊ ယူကရိန်းနဲ့ ယီမင်နိုင်ငံတွေမှာ အကြိမ်ကြိမ် တိုက်ခိုက်ခံရတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။