ထိုင်းကို မြန်မာ ဗီဇာကင်းလွတ်ခွင့် ပြုဖွယ်ရှိ


2014.02.23
thai-305.jpeg ထိုင်းနိုင်ငံကူးလက်မှတ်စာအုပ်ကို တွေ့ရစဉ်
photo: Internet

မြန်မာအစိုးရဟာ ထိုင်းနိုင်ငံသားတွေကို ဒီနှစ်အတွင်း  ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပေးလိမ့်မယ် လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းက ဖေါ်ပြပါတယ်။ မြန်မာအနေနဲ့ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး ဦးဌေးအောင်က ဗီဇာကင်းလွတ်ခွင့်အတွက် နောက် လာမယ့်နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်မယ်လို့ ထင်မြင်ကြောင်း၊ လက်ရှိမှာ ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုဖို့ စိစစ်သုံးသပ်နေကြောင်း၊ ခွင့်ပြုမယ့်ရက် အတိအကျကိုတော့ မသိရသေးကြောင်း ပြောကြားခဲ့တယ်လို့ The Nation သတင်းက ဖေါ်ပြပါတယ်။

ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံကို အများဆုံး လာရောက်လည်ပတ်သူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်ပြီး၊ ထိုင်းရဲ့နောက်မှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်သူ ခရီးသည်အရေအတွက် နှစ်သန်းကျော်ရှိခဲ့ရာ မှာ ၂၀၁၂ ခုနှစ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။ ခရီးသွားလုပ်ငန်းကရတဲ့ဝင်ငွေ ကလည်း ၂ဝ၁၂ ခုနှစ်က အမေရိကန်ဒေါ်လာ ၅၃၄ သန်းရရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၉၂၆ သန်းရရှိခဲ့ တယ်လို့ ဆိုပါတယ်။

ဒီနှစ်မှာ ခရီးသည် သုံးသန်းလာရောက်ဖို့ မြန်မာက မျှော်လင့်ထားတယ်လို့ The Nation သတင်းမှာ ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။