မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့သုံး အကြီးစား လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ တည်ဆောက်ဖို့ မြန်မာအစိုးရ စွမ်းအင်မူဝါဒ ချမှတ်သူတွေကို အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် စွမ်းအင်ရှာဖွေရေးနဲ့ ထုတ်ယူရေး PTTEP ကုမ္ပဏီ က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။
အဲဒီစီမံကိန်း အဆင်ချောမယ်ဆိုရင် PTTEP International ရဲ့ ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီခွဲက စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဲဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်ပေါင်းရာနဲ့ချီ ကုန်ကျမှာဖြစ်ပြီး၊ မြန်မာဘက်က စဉ်းစားနေတယ်လို့ ဆိုပါတယ်။
လိုအပ်တဲ့ ဓာတ်ငွေ့ကို မုတ္တမပင်လယ်ပြင်အတွင်း PTTEP က ထုတ်ယူနေတဲ့ ဇောတိက ဓာတ်ငွေ့လုပ်ကွက်နဲ့ မကြာခင် ထုတ်ယူတော့မယ့် M3 ဓာတ်ငွေ့လုပ်ကွက်တွေကနေ ရယူသုံးစွဲမယ်လို့ သိရပါတယ်။
ဇောတိကလုပ်ကွက်က နေ့စဉ် ဓာတ်ငွေ့ပမာဏ ကုဗပေ သန်း ၄ဝဝ ထုတ်ယူနေတာပါ။
ဒါ့ပြင် မြန်မာ့လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန်ရေနံ လုပ်ကွက်တွေကိုလည်း လေလံခေါ်ယူဖို့ စီစဉ်ထားတယ်လို့ PTTEP International ရဲ့ အထွေထွေမန်နေဂျာက ပြောပါတယ်။