မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးထိပါးနေကြောင်း ကုလအကြီးအကဲ သတိပေး
RFA Burmese
2023.02.06
2023.02.06

မြန်မာ အပါအဝင် တချို့နိုင်ငံတွေမှာ ငြိမ်းချမ်းရေးစောင့်ထိန်းမှု ထိပါးနေတယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်( Antonio Guterres) က ဖေဖော်ဝါရီ ၆ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ရုရှား-ယူကရိန်း ပဋ္ဋိပက္ခအရှိန်မြင့်လာဖွယ်ရှိတာဟာ စစ်ပွဲပိုကျယ်ပြန့်လာမယ့်ဘက် ဦးတည်နေတဲ့ သဘောသက်ရောက်တာမို့ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ နိုင်ငံတွေကို မနေ့က သတိပေးလိုက်တာပါ။
ငြိမ်းချမ်းရေးစောင့်ထိန်းရမယ့် အလားအလာက ဆုတ်ယုတ်နေပြီး အစ္စရေး-ပါလက်စတိုင်း ပဋ္ဋိပက္ခကစလို့ အာဖဂန်နစ္စတန်၊ မြန်မာ အလယ်၊ ဆဟဲဒေသနဲ့ ဟေတီအဆုံး ငြိမ်းချမ်းရေးကို ထိပါးနေတယ်လို့ သံတမန်တွေကို ပြောကြားတဲ့အကြောင်း AFP သတင်းက ဖော်ပြပါတယ်။