နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ကျင်းပ


2018.03.28
winmyint-dassk-622.jpg ၂၀၁၈ ခုနှစ် မတ်လ ၂၈ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၊ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲကို ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းမြင့်နဲ့ ဦးဟင်နရီဗန်ထီးယူ တို့ တက်ရောက်စဉ်
ဓါတ်ပုံ - မောင်သိန်း(ဒဿနိက)
ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်ပွဲ ဒီနေ့ မနက် ၁၀ နာရီက စတင်ကျင်းပနေပါတယ်။

ဒုတိယသမ္မတ ၁ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ နဲ့ လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်တို့ထဲက တစ်ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတအဖြစ် မဲပေးရွေးချယ်မှာဖြစ်ပါတယ်။

ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်သူ ၆၃၆ ဦးရှိပါတယ်။

သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လေ့လာသူအဖြစ် တက်ရောက်နေပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးတချို့ နဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လား ဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်းတို့ကလည်း လေ့လာသူအဖြစ် တက်ရောက်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။