ငါးမင်းဆွေကို အကြည်ညိုပျက်မှုနဲ့ ဖမ်းဆီး

အစိုးရကို ဝေဖန်သူ ငါးမင်းဆွေ ကို နိုင်ငံတော် အကြည်ညိုပျက်စေတဲ့ ဥပဒေ ပုဒ်မနဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးလိုက်တယ်လို့ ရိုက်တာသတင်းတရပ်မှာ ရေးပါတယ်။ သူ့ကို ဖမ်းထားတဲ့ ပုဒ်မဟာ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချနိုင်တယ်လို့ ဆိုပါတယ်။

ငါးမင်းဆွေ နေထိုင်တဲ့ လှိုင်မြို့နယ် ရဲစခန်းက ရဲတစ်ဦးအဆိုအရ သူ့ကို သောကြာနေ့မှာ ရန်ကန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အသေးစိတ်ကို ဖြေကြားခြင်းမရှိပါဘူး။ ငါးမင်းဆွေက သူ့ရဲ့ ဆားမင်းဆွေ နာမည်နဲ့ ဖွင့်ထားတဲ့ Facebook မှာ သူ့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ပေးနိုင်တဲ့ ပုဒ်မ ၁၂၄(က) ဖြင့် နေအိမ်ကနေ လာ ဖမ်းသွားတယ်လို့ ရေးသားထားပါတယ်။

သူ့ကို ဖမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်နဲ့ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ကို ဆက်သွယ်ရာမှာလည်း အဆက်အသွယ်လုပ်လို့မရဘူးလို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။