NLD ကို တရုတ်အစိုးရက ပထမဆုံးအကြိမ် ဖိတ်ကြား

2013-11-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD  ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တရုတ်နိုင်ငံကို ၁ဝ ရက်ကြာ သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

ဒီနှစ်အတွင်း NLD ကိုယ်စားလှယ်တွေ တရုပ်ပြည်ကို ခရီးထွက်တာ ၄ ကြိမ်ရှိပါပြီ။ အခုခရီးစဉ်ရဲ့ ထူးခြားချက်ကတော့ တရုတ်အစိုးရ နိုင်ငံခြားရေးဌာနက NLD ကို ပထမဆုံးအကြိမ်တိုက်ရိုက်ဖိတ်ကြားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ အဖွဲ့ဟာ ဘေဂျင်းမြို့ကို ပထမဆုံးသွားရောက်ပြီး တရုတ် နိုင်ငံခြားရေးဌာန ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အဲဒီနောက် ရှန်ဟိုင်းမြို့အပြင် ယူနန်ပြည်နယ်ကိုလည်း သွားရောက်လည်ပတ်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၇ ရက် သောကြာနေ့ထုတ်တဲ့ South China Morning Post သတင်းစာမှာတော့ တရုတ်အစိုးရဟာ လွတ်တော်ကိုယ်စားလှယ် တယောက်ဖြစ်သလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမူတွေ ပိုမိုရရှိလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားလိုတဲ့ ဆန္ဒပြင်းပြလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

သူ့ကို တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် က ဖိတ်ကြားဖွယ်ရှိတယ်လို့လည်းဆိုပါတယ်။ တပြိုင်နက်မှာပဲ ဒီမိုကရေစီ ခေါင်းဆောင်တဦးကို ဖိတ်ကြားတယ်ဆိုပြီး ရှုမြင်ကြမှာကိုလည်း ကွန်မြူနစ်ခေါင်းဆောင်တွေက စိုးရိမ်နေပြန်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ တရုတ်ချစ်ကြည်ရေးအဖွဲ့တခုက ဖိတ်ကြားတာကို ဒေါ်အောင်ဆန်းစုကြည် လက်ခံလိုက်ပြီဆိုပြီး မြန်မာသတင်းဌာနတခုက ဒီရက်ပိုင်းအတွင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး အာဖက်အေ က ဗုဒ္ဓဟူးနေ့မှာ ဆက်သွယ် မေးမြန်းခဲ့ရာမှာတော့ တရုတ်ပြည်ကို သွားရောက်ဖို့ အစီအစဉ်တစုံတရာမရှိပါဖူးလို့ ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

NLD အဖွဲ့ရဲ့ ဒီခရီးစဉ်မှာ တရုပ်အစိုးရခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်လည်ပတ်ဖို့ တရားဝင်ဖိတ်ကြားနိုင်တယ်ဆိုပြီး သတင်းထွက်နေတာနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်း ကို အာဖက်အေက ဒီကနေ့ သောကြာနေ့ မနက်ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးဖူးလို့ဖြေကြားပါတယ်။

NLD နဲ့ တရုတ်အစိုးရအကြား ဆက်ဆံရေးတိုးတက်နေတယ်လို့တော့ ဆိုနိုင်ကြောင်း သူကပြောပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

Be careful,very careful,don't forget their past behaviours.

Nov 10, 2013 09:03 PM

Phoe Kwar

Dear Readers,
As China worries over its influence on Burma, it tries to appease the NLD. No Brainer.

Nov 08, 2013 11:18 AM

ဆိုက်တခုလုံးသို့