မုန်တိုင်းကြောင့် သေဆုံး၊ ပျောက်ဆုံးသူ ငါးဖမ်းအလုပ်သမား မိသားစုများကို NLD ကူညီ

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လက ပင်လယ်ပြင်မှာ မုန်တိုင်းမိပြီး သေဆုံး၊ ပျောက်ဆုံးခဲ့သူ တွေရဲ့ မိသားစုဝင်တွေကို NLD လူမှုအထောက်အကူပြု အဖွဲ့က ဒီကနေ့ အလှူငွေ သွားရောက် ပေးအပ်ခဲ့ကြောင်း သိရပါတယ်။
2011-07-31
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မုန်တိုင်းကြောင့် ပင်လယ်ထဲ မျောပါပြီး သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ဒေးဒရဲမြို့နယ်အတွင်းက ရေလုပ်သားတွေအတွက် တတိယအကြိမ် အကူအညီအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြုအဖွဲ့နဲ့ ဒေသခံ မြို့နယ်စည်း အဖွဲ့ဝင်တွေ ဒီကနေ့မနက် အဲဒီ ရေလုပ်သား ၁၆ ဦးရဲ့ မိသားစုတွေကို တွေ့ဆုံပြီး အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

အဲဒီနောက် NLD လူမှုအထောက်အကူပြု အဖွဲ့ဟာ ဖျာပုံမြို့ကို သွားရောက်ပြီး သေဆုံး၊ ပျောက်ဆုံးသူ ရေလုပ်သား မိသားစု ၅ဝ ကျော်နဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့သလို ရေလုပ်သား ၂၈ ဦးရဲ့ မိသားစုကို အလားတူ အကူအညီတွေ ပေးအပ်ခဲ့တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

ဦးအုန်းကြိုင်နဲ့အတူ NLD ဗဟိုဦးစီးအဖွဲ့ဝင် ဦးကြည်ဝင်း၊ ဖျာပုံ စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ခင်ဘို၊ ဒေးဒရဲမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးညွန့်၊ ဖျာပုံမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေ၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဝင် ဦးအောင်မြင့် (ခေါ်) ဖျာပုံနီလုံဦးနဲ့ လူငယ်ပြန်ကြားရေး အဖွဲ့ဝင် ကိုအေးမင်းစိုးတို့ လိုက်ပါသွားကြောင်း သိရပါတယ်။

လာမယ့် သီတင်းပတ်မှာလည်း ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာက မုန်တိုင်းကြောင့် သေဆုံး၊ ပျောက်ဆုံးသူ ရေလုပ်သားတွေရဲ့ မိသားစုတွေကို သွားရောက် အကူအညီပေးဖို့ စီစဉ်နေကြောင်း ဦးအုန်းကြိုင်က ပြောပါတယ်။

NLD လူမှုအထောက်အကူပြု အဖွဲ့ရဲ့ ဒီကနေ့ အကူအညီပေး လုပ်ဆောင်ခဲ့မှုနဲ့ ရေလုပ်သား မိသားစုတွေရဲ့ လက်ရှိ ဘဝရပ်တည်မှု အခြေအနေတွေအကြောင်း ဦးအုန်းကြိုင်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုလည်း တဆက်တည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့