NLD ကိုယ်စားလှယ်တွေအားလုံး ခွင့်မယူကြဖို့ ညွှန်ကြား


2016.02.03
nld-mp-620.jpg လွှတ်တော်အစည်းအဝေး တက်ရောက်နေတဲ့ NLD ကိုယ်စားလှယ်တွေကို တွေ့ရစဉ်
Photo: Myo Thant Khaing/RFA

နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်နေကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဒီရက်ပိုင်း ခွင့်မယူကြဖို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့က ညွှန်ကြားထားပါတယ်။

စနေ၊ တနင်္ဂနွေနေ့မျိုးတွေမှာတောင် အိမ်မပြန်ကြဖို့အတွက် ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အတည်ပြုပြောပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ စတင်နိုင်ပြီဖြစ်ပေမယ့် နိုင်ငံတော်သမ္မတ အမည်စာရင်းတွေ တင်သွင်းဖို့ ၊ အစိုးရဖွဲ့စည်းဖို့ စတဲ့လုပ်ငန်းတွေ ကျန်နေသေးတာကြောင့်  NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အချိန်မရွေး ပါတီတွင်းအစည်းအဝေးခေါ်ယူတဲ့အခါ တက်ရောက်နိုင်ဖို့အတွက် အဆင်သင့်ရှိနေကြဖို့အတွက်လည်း ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့ အဲဒီ ကိုယ်စားလှယ်က ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ဒုတိယအပတ်အတွင်းလောက်မှာ နိုင်ငံတော်သမ္မတလောင်း အမည်စာရင်းတွေကို လွှတ်တော်မှာတင်သွင်းဖို့ ရှိနိုင်တယ်လို့လည်း ခန့်မှန်းပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။