ပိတ်ဆို့မှု ဆက်လက်ထားဖို့ NLD ထောက်ခံမယ်

စစ်အစိုးရအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို ဆက်လက်ထားရှိသင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မနက်ဖြန် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ ပါရှိမယ်လို့ သိရှိရပါတယ်။

0:00 / 0:00

ဖေဖော်ဝါရီလ ၄ ရက်နေ့ RFA က ထုတ်လွှင့်ခဲ့တဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်' အစီအစဉ်မှာ "အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုအပေါ် သဘောထားကို ဒီရက်ပိုင်းအတွင်း တရားဝင် ကြေညာပါမယ်။ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေးကို နိုင်ငံရေးနည်းဗျူဟာ တခုအနေနဲ့ သုံးနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ ရှိသလို တိုင်းပြည်ရဲ့ စီးပွားရေးကို တကယ်ပဲ ထိခိုက်တယ်ထင်လို့ ရုပ်သိမ်းပေးစေချင်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါတွေ မှန်မမှန် သေချာသုံးသပ်ပြီး ဘယ်လို ဆက်လုပ်သင့်သလဲဆိုတာ အဖြေတခု ရှာရမှာပါ" ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက် ပါရှိပြီးနောက် အခုလို သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီကြေညာချက်နဲ့ပတ်သက်ပြီး NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနဲ့ RFA ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်ယူရန်။