အစိုးရနဲ့ မွန်ပြည်သစ်ပါတီ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ စမယ်

မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နိုင်ရော့စ တို့ မော်လမြိုင်မြို့မှာ ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

2012.02.25
nmsp-sign-b305 မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မော်လမြိုင်မြို့တွင် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးစဉ်။
RFA

အခုလို အောင်မြင်မှုအတွက် အားရဝမ်းသာ ဖြစ်ရပါတယ်လို့ မြန်မာ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက RFA ကို ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာဟာ ကောင်းမွန်တိုးတက်ပြီး ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝမယ်လို့ သူ ယုံကြည်ကြောင်းလည်း ဝန်ကြီးဦးအောင်မင်းက ပြောပါတယ်။

ဒီကနေ့ သဘောတူညီချက်အရ မြန်မာအစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေကို ၄၅ ရက်အတွင်း ကျင်းပမယ်လု့ိ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သားတွေရဲ့ ဆက်သွယ် မေးမြန်းချက်တွေကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်များ

ဦးလှမောင်ရွှေနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

နိုင်တလညီနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

သတင်းပေးပို့ချက် အပြည့်အစုံ။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-02-26 12:21

Want to see Disciplined Union Army under one roof that consist of multi-races armed group, Both parties find out possible ways.