NUG နဲ့ မြန်မာပြည်သူတွေကို စာနာနားလည်ကြောင်း အထူးအကြံပေးကောင်စီပြော

2021-09-08
Share
NUG နဲ့ မြန်မာပြည်သူတွေကို စာနာနားလည်ကြောင်း အထူးအကြံပေးကောင်စီပြော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)ရဲ့ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Chris Sidoti။
File Photo: Reuters

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံတွန်းလှန်စစ် ဆင်နွှဲဖို့ ကြေညာလိုက်တာဟာ စိတ်မကောင်းစရာဖြစ်ပေမယ့်၊ အာဏာသိမ်းပြီး ၇ လအတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ချေမှုန်းမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝန်းက အရေးယူမှု မရှိတာတွေအပေါ် NUG နဲ့ မြန်မာပြည်သူတွေရဲ့ အားမလိုအားမရဖြစ်မှုတွေကို မိမိတို့ နားလည်သဘောပေါက်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က စက်တင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်မှုဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခရောက်ရခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်၊ ဒါဟာ အဖြေမဟုတ်ပါဘူး။ NUG ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အနေနဲ့ စာနာနားလည်ပေမဲ့ ဒီဆုံးဖြတ်ချက်က ထွက်လာမဲ့ အကျိုးရလဒ်တွေအတွက် စိုးရိမ်ပူပန်မိပါတယ်… လို့ အထူးအကြံပေးကောင်စီ အဖွဲ့ဝင် Chris Sidoti က ပြောပါတယ်။

အကြံပေးကောင်စီ အဖွဲ့ဝင် မစ္စယန်ဟီးလီကလည်း… ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသူတွေကို လူသားမဆန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကြောက်မက်ဖွယ် နည်းဗျူဟာတွေ သုံးပြီး စစ်တပ်က ရက်ရက်စက်စက် ချေမှုန်းခဲ့တာ အခုဆိုရင် ၇ လရှိသွားပြီလို့ ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူတွေကို ကယ်တင်ကူညီဖို့ အခွင့်အလမ်း အလုံအလောက် ရခဲ့ပေမယ့် တောက်လျှောက် ပျက်ကွက်ခဲ့တယ်လို့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းမယ်ဆိုတဲ့ အာဆီယံအဖွဲ့ဟာလည်း ခြောက်လသာ ပြည့်သွားပေမဲ့ အခုအထိ အထူးသံတမန် ခန့်အပ်ရုံပဲ လုပ်နိုင်ပြီး လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဧပြီလကတည်းက ကတိကဝတ်တွေကို အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့လည်း ကြေညာချက်မှာ ဝေဖန်ထားပါတယ်။

အကြံပေးကောင်စီ အဖွဲ့ဝင် နောက်တစ်ဦးဖြစ်တဲ့ Marzuki Darusman ကလည်း… အာဆီယံက ခန့်အပ်လိုက်တဲ့ အထူးကိုယ်စားလှယ်ရဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့စကားဟာ လွဲချော်နေကြောင်း၊ ဖြစ်ရမှာက ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ "အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်စဲရေး"ကို တောင်းဆိုရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးဟာ မြန်မာနိုင်ငံတွင်းမှာ ပကတိဖြစ်ပွားနေတဲ့ အခြေအနေကို မထင်ဟပ်ကြောင်း၊ အပစ်အခတ်ရပ်စဲ‌ရေးကို အသုံးချပြီး သေနင်္ဂဗျူဟာအရ အခွင့်အရေးယူတတ်တဲ့ စစ်တပ်ကိုပဲ အကျိုးရှိစေမှာဖြစ်ကြောင်းလည်း Marzuki Darusman က ကြေညာချက်မှာ ပြောဆိုထားပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံဟာ နိုင်ငံတကာအသိုင်းအဝန်းအတွက် မြန်မာပြည်သူတွေကို အားပေးထောက်ခံပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ဖို့ အခွင့်အလမ်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လှထွန်း
လှထွန်း says:
2021-09-09 07:16

မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး၊ ခုခံစစ် ဆင်နွှဲဖို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရက တိုက်တွန်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းတွေ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်နေပါတယ်။
ဆေးမီးတို ကို CRPH/NUG က ကြော်ညာ အားကိုးပြီး မထိရောက်တဲ့ဆေးကို ကြော်ညာလှိုင်လှိုင် ရောင်းနေ တဲ့ တောက ဗိန္ဒောဆရာနဲ့ တူနေတယ်။ ဘာမှမဟုတ်တဲ့ ချက်းဆေးကို ကြော်ညာတွင်တွင်လုပ်ရောင်းနေတဘဲ။
တကယ်က ၁။ CRPH က ကြားကာလဖွဲ့စည်းပုံနဲ့ မိမိ NUG ကိုလူရိုသေရှင်ရိုသေဖြစ်အောင်ဖွဲ့ရျမှာ။ ဦးအောင်ထူး အသေးစိတ်ရှင်းလင်းဆွေးနွေးပြထားတာရှိပါတယ်။ ကြားကာလ ယာယီ ဖွဲ့စည်းပုံမူကြမ်းတခုလည်း အချောကိုင်ပြီး ယာယီ ကြားကာလအစိုးရ ကို စနစ်တကျဖွဲ့ဘို့ တွေ့အကြူံရှိတဲ့ ဥပဒေပညာရှင်အနေနဲ့ စနစ်တကျဆွေးနွေး တင်ပြထားတာပါ။ တာကိုထွက်လာတော့ ကြေညာစာတမ်းနဲ့ထွက်လာတယ်။ ကိုယ်တိုင် တာဝန်ယူမှု တာဝန်ခံမှု ကိုတော့ commitent မပေးနိုင်ဘဲ၊ ပွဲဆူအောင်လုပ် ဝေလေလေ တွေ ထောက်ခံမှုနဲ့ လူရာဝင်အောင် နိုင်ငံတကာက အသိအမှတ်ပြုမှုကို အချောင်လိုခြင်နေတယ်။ ကိုယ်တိုင်က NUG ကို ရှင်းရှင်းလင်းလင်းးမဖွဲ့တတ်ဘဲ သမတ လား ၀န်ကြီးချုပ်စနစ်လား မကွဲပြားဘဲ ဖါးတပိုင်းငါးတပိုင်းပုံစံနဲ့ထွက်လာတယ်။ နိုင်ငံတော်အကြံပေးဆိုတာ လည်းပါလာ ပြန်ရော။ ၂၀၀၈ နဲ့ အကြံအဖန်လုပ်ထားတဲ့ အကြံပေး ဆိုတာ ၂၀၀၈ ဖျက်ရင် ဘာနဲ့ဆက်ရပ်တည်မှာလဲ။
နောက် EAO တွေကို စနစ်တကျစည်းရုံးပြီး သူတို့ရဲ Defacto အဆင့်နဲ့ ကိုယ့်မှာရ ထားတဲ့ dejury အဆင့်အတန်းနဲ့ပေါင်း ပြီး တရားဝင်မှုကို legitimacy အဆင့်အတန်းမှီအောင် EAOs တွေကို ဖယ်ဒရယ်ဖွဲ့စည်းပုံ ဒုတယ မူကြမ်းကို ညှိနှိုင်းအခြေပြု ပြီး ပါလာအောင်သိမ်းဥါင်းဘို့ ယုံကြည်မှုကို တည်ဆောက်ဘို့ကျိုးစားသင်ကြာင်း ၁၉၉၀ က NUGUB ရဲ့ တကယ် လက်တွေ့သင်ခန်းစာ အတွေ့အကြုံနဲ့ ဦးအောင်ထူးတင်ပြထားတာပါ။ အခုတရားရေးဝန်ကြီး ဦးသိန်းဦး လည်း ကိုယ်ကြုံခဲ့တာ ကောင်းကောင်းနားလည်ခဲ့တာပါ။ တိုင်းရင်းသားရေးရာ ၀န်ကြီးလည်း ကိုယ်တိုင်ပါခဲ့ နားလည်ခဲ့တာပါ။ မကျေနပ်ရင် ခုမသေသေးတဲ့ ခွန်မားကိုဘန်း ကိုမေးကြည့်ပါ။ တကယ်စနစ်တကျလုပ်ရမှာ မလုပ်ဘဲ ပျက်ကွက်နေပြီး အူကြောင်ကြောင်အဖွားကြီကို မျှော်ပြီး အခြောင်လိုခြင် နေရင်တော့ ၁၉၉၀ NCGUB မြောင်းထဲရောက်တဲ့အဖြစ်မျိုးနဲ့ နွေဦးတော်လှန်ရေး လူငယ်တွေရဲ့ စွန့်လွှတ်မှုတွေ အဟောသိကံဖြစ်ပြီး စစ်အာဏာရှင်အောက်ပြန်ရောက်မှာသေခြာနေပြီလေ။ လက်တွေ့သင်ခန်းစာလည်းရှိတယ် အခြေအနေနဲ့ ခေတ်ကလည်းမတူတော့ သလို နည်းပညာနဲ့လမ်းကြောင်းကို သေသေခြာခြာနားလည်ဘို့ လိုပါတယ်။ ၂၁ ရာစုမှာ ဥာဏ်ရည်တု နည်းပညာ စမတ်ဖုံးနည်းပညာတွေ အံ့မခန်းတိုးတက်နေပါပြီ။ နည်းပညာတိုးတက်မှုတွေနဲ့ အတတ်ပညာတွေ တအားပြောင်းလဲနေပါပြီ။ မိမိရထားတဲံ မဲတန်ဘိုးကနေ တရားဝင်မှုရအောင် လုပ်ရမှာပါ အခု နိုင်ငံတကာနဲ့ UK US တို့က ဘာတွေပြောလာနေလဲ ICC ရောက်ပြိးသား တရားခံ စာရင်းလည်းထွက်ပြီးသား အမှုတရားဝင် နိုင်ငံတကာဥပဒေနဲ့ လှုပ်လာအောင် ဘယ်လိုလုပ်မလဲ။ နည်းလမ်းရှိတာပါ။ ဖေေါ်ဝါရီ က အခုထိ ကျူးလွန်ထားတာတွေ ICC ကို နောက်ကြောင်သက်ရောက် ဥပဒေနဲ့ လွှတ်ပြီးတရားဏွဲနိုင်အောင်ဘ်ာလိုလုပ်မလဲ။ နောက်ကြောင်းပြန်သက်ရောက်မရှိစေရတဲ့ ဥပဒေကို ဘယ်လိုကျော်မလဲ။ ဒေါ်လာ ၂ သန်းနဲ့ငှားထားတဲ့ နိုင်ငံတကာ ရှေ့နေအဖွဲ့ ဘာလုပ်နေသလဲ။ ဒီလို နိုင်ငံတကာဥပဒေတွေနဲ့ ညီအောင် မိမိအဆင့်အတန်း တရားစွဲပိုင်ခွင့် RIGHT TO SUE အဆင့်ဖြစ်အောင် LEGAL PERSON ဖြစ်အောင် NUG ကို ဘယ်လိုဖွဲ့ရမလဲ NCGUB လို သစ်ကိုင်လွတ်တဲ့ မျောက်မဖြစ်အောင် ဘလိုလုပ်မလဲ။ နိုင်ငံတကာတန်းဝင်ဘို့ လူရာဝင်ဘို့ တရားဝင်အသိမှတ်ပြုခံရဘို့ ပြီးစလွယ်မဟုတ်တာတွေကို ဦးအောင်ထူး သေသေချာချာပြောပီးသားပါ။ ဖြစ်ကတတ်စမ်းလုပ်နေရင် လူဗြိမ်းကြိုက်နဲ့မရပါဘူး မရပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့