NUGကို အားမနာတမ်းဝေဖန်ဖို့ ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ
အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ (NUG)

ပြည်တွင်း၊ ပြည်ပက မြန်မာပြည်သားတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ဦးဆောင်မှုတွေကို အားမနာတမ်းဝေဖန်အကြံပြုဖို့ NUG ရဲ့ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ အခုလိုပြောလိုက်တာပါ။

NUG အနေနဲ့ လူထုရဲ့လမ်းညွန်မှုကို ခံယူဖို့အသင့်ရှိကြောင်းနဲ့ ပြည်သူတွေပေးပို့တဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို လက်ခံရရှိပြီး အလေအလွင့်မရှိအောင် သုံးစွဲနေတယ်လို့ သူကပြောပါတယ်။

329881684_591149995777855_967970501780869129_n.jpg
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနား (Photo:Citizen Journalist)

ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် Sacramento စက်ကရက်မက်တိုမှာ ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲကို အမေရိကန်ရောက်မြန်မာနိုင်ငံသား ၁၀၀ လောက်တက်ရောက်ခဲ့ပါတယ်။