ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးဟောင်း အဖမ်းခံရ

မကွေးတိုင်း ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဟောင်း ကိုမျိုးသူအောင်ကို ဇွန်လ ၃၀ ရက်နေ့က ပခုက္ကူမြို့မှာပဲ စစ်ကောင်စီတပ်သားတွေ က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဖမ်းခံရတယ်ဆိုတာကိုပဲ သိရပြီး နောက်ဆက်တွဲ အခြေနေကို မသိရသေးဘူးလို့ လုံခြုံ ရေးအရ အမည်မဖော်လိုတဲ့ ကိုမျိုးသူအောင်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ကိုမျိုးသူအောင်က သမဂ္ဂအဖွဲ့မှာ ခဏတော့ တာဝန်ယူခဲ့တယ်။ နောက်တော့ နုတ် ထွက်သွားပါတယ်။ ပခုက္ကူမှာပဲ ဖမ်းခံလိုက်ရတာ။ PDF နဲ့ ဆက်စပ်ပြီး ဖေ့စ်ဘွတ်မှာ တင်လို့ လို့တော့ကြားရပေမယ့် ဘာကြောင့်လဲဆိုတာ အတိကျမသိရသေးဘူး"

သူဟာ ဓာတုဗေဒမေဂျာကဖြစ်ပြီး သူ့ကို ဒီနေ့အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆို တာ မသိရသေးဘူးလို့ ဆိုပါတယ်။

ကိုမျိုးသူအောင်ဟာ စစ်တပ်ကအာဏာမသိမ်းခင်ကတည်းက ပခုက္ကူတက္ကသိုလ် ကျောင်း သားသမဂ္ဂ အထွေထွေအတွင်းရေးမှူး ရာထူးကနေ နုတ်ထွက်ထားတယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ ပခုက္ကူတက္ကသိုလ်ကျောင်းသား ၁၀ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့ ပခုက္ကူမြို့ခံ တက္ကသိုလ်ကျောင်းသားတွေက ပြောပါတယ်။