အထည်ချုပ်စက်ရုံတွေကို တိုင်းလွှတ်တော်ကော်မတီ လေ့လာ


2017-08-22
Share
garment-factory-622.jpg ရန်ကုန်မြို့က အထည်ချုပ်စက်ရုံတစ်ရုံကို တွေ့ရစဉ်
.

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံစက်မှုဇုန်အတွင်းက အထည်ချုပ်စက်ရုံ ၂၀ ခန့်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကနေ သြဂုတ်လ ၂၁ ရက်နေ့ မနေ့ကအထိ သွားရောက်လေ့လာခဲ့ပါတယ်။

ကော်မတီရဲ့လေ့လာတွေ့ရှိချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီး လွှတ်တော်ထံ တင်ပြသွားမှာဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူးဖြစ်တဲ့ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ကပြောပါတယ်။

"အန်ကယ်တို့ တွေ့ရှိချက်တွေရေးမှာပေါ့။ အန်ကယ်တို့ ပြန်ပြီးတော့ ကော်မတီ အစည်းဝေးထိုင်ရမယ်။ တင်တာကတော့ ၃၁ ရက်နေ့ ပဉ္စမပုံမှန်အစည်းအဝေးစတော့မယ်။ အဲ့အမီတော့ အန်ကယ်တို့ တင်ရ မှာပေါ့။ လွှတ်တော်မှာတင်မှာ။ အစိုးရအဖွဲ့ကို အရင်တင်မှာ။ အစိုးရအဖွဲ့က အနေအထားဘယ်လိုရှိ လည်း အဲ့ဒါကြည့်ပြီးမှ လွှတ်တော်မှာ ပြန်လုပ်ရမှာ"

စက်ရုံအချို့မှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား အလုပ်အကိုင်ခန့်အပ်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုထားမှုမရှိတာနဲ့ တချို့စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ မဖွဲ့စည်းနိုင်သေးတာတွေကို တွေ့ရတယ် လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေရဲ့ လိုအပ်ချက်အနေနဲ့ စက်ရုံအလုပ်ရုံတွေ များတဲ့နေရာတွေမှာ လူမှုဖူလုံရေးဆေး ခန်းတွေ မထားရှိတာ၊ အချိန်ပိုကြေးပေးချေရာမှာ လိုအပ်ချက်တွေရှိနေတာတွေနဲ့ စက်ရုံတွေမှာ အလုပ်သမား အရေအတွက်နဲ့ သန့်စင်ခန်းထားရှိမှု အရေအတွက် မမျှတတဲ့အနေအထားတွေလည်း တွေ့ရတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

Action aid အဖွဲ့က ဆွေးနွေးပွဲတစ်ခုမှာ စက်မှုဇုန်တွေရဲ့ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက စက်ရုံတွေကို သွားရောက်လေ့လာဖြစ်ခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့