လွှတ်တော်မှာသတင်းယူခွင့် ထိန်းချုပ်ကန့်သတ်လိုက်မှု စာနယ် ဇင်းအဖွဲ့တွေ ကန့်ကွက်

2016-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်တော်ရှိ လွှတ်တော်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က သတင်းထောက်တချို့ သတင်းယူနေကြစဉ်
နေပြည်တော်ရှိ လွှတ်တော်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့က သတင်းထောက်တချို့ သတင်းယူနေကြစဉ်
Photo: RFA

လွှတ်တော်တွင်း သတင်းရယူရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်လိုက်တဲ့ ကြေညာချက် ကို မြန်မာဂျာနယ်လစ်ကွန်ရက် (MJN)နဲ့ မြန်မာနိုင်ငံ သတင်စာဆရာအသင်း (MJA)တို့က ကန့်ကွက်ကြောင်း ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စုလွတ်တော်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သတင်းတွေကို ရေးသားဖော်ပြရာမှာ နိုင်ငံတော်နဲ့ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်ရေး၊ သတင်းမီဒီယာတွေအနေနဲ့ ကျင့်ဝတ်နဲ့ အညီဆောင်ရွက်ရေးလို့ပါရှိပြီး ဒါဟာ သတင်းလုပ်ငန်းတွေအပေါ် ကန့်သတ်ချက်ဖြစ်နေတဲ့အတွက် အခုလို ကန့်ကွက်ကြောင်း အသိပေးထုတ်ပြန် တာဖြစ်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်ကျော်က RFA ကိုပြောပါတယ်။

"တကယ်ကလွှတ်တော်သစ်အစမှာ သတင်းမီဒီယာတွေက စိတ်ဝင်စားမှုပိုများတယ်၊ ပြည်တွင်းရော၊ ပြည် ပရော၊ အဲ့လိုချိန်မှာ လွှတ်တော်ပိုင်းက စီမံခန့်ခွဲမှု အားနည်းတဲ့ အနေအထားကြောင့် သတင်းသမားတွေ အပြစ်တင်တဲ့ သဘောလည်းတွေ့ရတယ်၊ ထုတ်ပြန်ချက်မှာ၊ နောက်တစ်ခုကတော့ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ ကို မထိခိုက်အောင် ကျင့်ဝတ်နဲ့အညီလေးစားရမယ်ဆိုတဲ့ဟာမျိုးကြတော့ ကျနော်တို့သတင်းသမားတွေ ရေး သားတဲ့နေရာမှာ ဘယ်သူ့ဂုဏ်သိက္ခာ၊ ဘယ်ဝါ ဂုဏ်သိက္ခာထိခိုက်ရမယ်ဆိုတဲ့ဟာ မပါဘူးလေ၊ တည်ဆဲ ဥပဒေတွေရှိပြီးသားပဲ၊ နောက်တစ်ခုကတော့ ကျင့်ဝတ်နဲ့အညီရေးသားတယ်ဆိုတည်းက အများ သိသင့်၊ သိထိုက်တာတွေ ရေးသားမှာလည်း အဲ့နေရာမှာ လွှတ်တော်ဂုဏ်သိက္ခာ ထိခိုက်ခြင်း၊ မထိခိုက်ခြင်းဆိုတာ ကတော့ လွှတ်တော်လုပ်ဆောင်မှုပေါ်မှာ ပိုပြီးတော့ မူတည်တယ်လို့ ကျနော်တော့ထင်ပါတယ်၊ နောက် တစ်ခုက သတင်းရယူခွင့်တွေမှာ ဒီထက်ပိုပြီး မတင်းကျပ်လာအောင်၊ ပိုပြီးသတ်မှတ်ချက်တွေမများ လာအောင်၊ တိုက်တွန်းချက်လို့လည်း ပြောလို့ရပါတယ်"

ဒါ့အပြင်လည်း စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို ပြည်ထောင်စုလွှတ်တော်ရုံးက တစ်ဆင့်နှိမ့် သတ်မှတ်တဲ့သဘောသက်ရောက်နေတဲ့ အတွက် အခုလို လွှတ်တော်တွင်း သတင်းရယူရေးလုပ်ငန်းတွေကို စည်းကမ်းချက်တွေ ထုတ်ပြန်တာကို လက်မခံနိုင်ကြောင်းလည်း မြန်မာဂျာနယ်လစ်ကွန်ရက် အဖွဲ့ရဲ့ထုတ်ပြန်ချက် ထဲမှာ ရေးသားထားပါတယ်။

အလားတူ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာလည်း ပြည်ထောင်စု လွှတ်တော်ရုံးရဲ့ ထုတ်ပြန်ချက်ဟာ MJA အဖွဲ့နဲ့ ပတ်သက်မှု မရှိသလို၊ သတင်းမီဒီယာတွေကို ကန့်သတ်ထားမှု အတွက် ကန့်ကွက်ကြောင်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ကျင်းပတဲ့ လွှတ်တော်အစည်းဝေးအတွင်း ပြည်တွင်းပြည်ပ သတင်းမီဒီယာ သမားတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား အဆင်မပြေမှုအနည်းငယ်ရှိခဲ့ပြီးနောက် ပြည်ထောင်စု လွှတ်တော်ရုံးက ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ သတင်းသမားအရေအတွက် ကန့်သတ်ချက် အပါအဝင် စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

ဘယ္​သူမွ တမူး ပိုရူလုိ ့မရပါ

ငါ့လွတ်လပ်ခွင့် လုပ်ခြင်တိုင်းအတားအဆီးမရှိလုပ်မယ် ဆိုတာကို Democracy လို့မှတ်နေရင် အောက်ကတင်ပြ သုံးသတ်သလို Anarchism ဖြစ်သွားမှာပေါ့၊ ဒီမိုကရေစီအလေ့ကျင့်မှာ ဘယ်သူမှ တမူး ပိုရူလို့မရပါဖူး။ တမူး ပိုရူခြင်ရင် ပိုရူဖို့ ကြိုးစားနေရင် အာဏာရှင်စိတ်ဓာတ်ဖြစ်သွားပီပေါ့

Feb 12, 2016 08:13 AM

ဒီမိုက​ရေစီအ​လေ့အကျင့်​ဆိုတာ စည်းကမ်းလိုက်​နာခြင်းပါ

နေရာတိုင်းမှာသူစည်းသူကမ်းနဲ့ရှိပါတယ်။၊ ကျောင်းလဲကျောင်းစည်းကမ်း ရုံးလည်းရုံးစည်းကမ်း ဘုန်းကြီးကျောင်း လည်း ဘုန်ကြီကျောင်းစည်းကမ်းရှိပါတယ်။ အလားတူ မင်္ဂလာဆောင်တောင်မှ ဖိတ်စာရတိုင်း ရှိသမျှ ရပ်ကွက်ထဲက အားလုံးခေါ်သွားလို့မရသလို သတ်မှတ်တဲ့အချိန်အတိုင်း ပဲသွားရတာပါ။ ဒါတွေကို လူ့ကျင့်ဝတ် Protocol တွေလို့ခေါ်ပီး တချို့က Customary Law သဘောတရား အရ အားလုံးက လက်ခံလိုက်နာရပါတယ်။ တချို့က လူတွေမလိုက်နာလို့ ဒါမှမဟုတ် လိုက်နာမူအားနည်းလို့
အမိန့် စည်းကမ်းထုတ်ပီးလုပ်ရတာရှိပါတယ်။ ဘယ်သူပဲဖြစ်၂ ပြည်သူတိုင်းကချမှတ်တဲ့စည်းမျဉ်းစည်ကမ်းကိုလိုက်နာ ရမှာပါ။ငါက ဘာမို့လို့ဆိုပီးအခွင့်ရေးပိုယူခြင်လို့မရပါဖူး။

Feb 10, 2016 07:51 AM

Democracy Vs Anarchism

စည်းကမ်းစည်းမျဉ်းချမှတ်တာနဲ့ ကန့်သတ်ထိန်းချုပ်တာနဲ့ မတူပါဖူး။အမေရိကန်မှာရော တခြားနိုင်ငံတွေမှာရော လွှတ်တော်နဲ့ အရေးကြီး အစိုးရအဆောက်အအုံထဲကို သတင်း သမားအပါအဝင် ဘယ်သူမဆို အတားအဆီးမရှိ ဝင်ခြင်သလိုဝင် ထွက်ခြင်သလိုထွက် ဘာစာရင်းမှပေးထာခင်း မရှိပဲ သွားခြင်ရာသွာလို့မရပါဖူး၊စည်းကမ်းသည်အားလုံးအတွက်တပြေးညီပါ။ဒကြောင့်လိုအပ်လိုထုတ်တာဆိုရင် လိုက်နာ ရမှပါ။ ဒီမိုကရေစီသည် ဥပဒေစည်းမျဉ်းစည်းကမ်းများကို ကျင့်သုံးလိုက်နာခြင်းဖြစ်ပီး Anarchismနဲ့မရောဖို့လိုပါ သည်။

Feb 10, 2016 03:15 AM

ဆိုက်တခုလုံးသို့