ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ဈေးမှာ လူထုက ကြိုဆိုနှုတ်ဆက်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်းဈေးကို သားဖြစ်သူနဲ့ အတူ သွားရောက်ရာမှာ ရာဂဏန်းရှိတဲ့ လူထုက နှုတ်ဆက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားသူတွေက ပြောပြပါတယ်။

2010.11.30
assk_kim_aris_market_305_z.png ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် သားငယ် ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်စ် (နောက်တွင် ရပ်နေသူ) တို့ ရန်ကုန်မြို့လယ် ဗိုလ်ချုပ် အောင်ဆန်းဈေးသို့ နိုဝင်ဘာ ၃၀ ရက်နေ့က သွားရောက်စဉ် လူထုက ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကို မရောက်ခဲ့တာ ၁၀ နှစ်ခန့် ရှိပြီလို့ ဆိုပါတယ်။ ဗိုလ်ချုပ်ဈေးဟာ အင်္ဂလိပ်ခေတ်က စကော့ဈေးလို့ လူသိများပြီး လွတ်လပ်ရေးရ အပြီး မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားတဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ကြိုဆိုတဲ့ လူအုပ်ကြီး များလွန်းတာကြောင့် သူ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုတောင် စိုးရိမ်မိခဲ့တယ်လို့ ဆိုပါတယ်။

ဆိုင်ထဲမှာရော၊ ဆိုင်ပြင်မှာရော လူအုပ်ကြီးက စောင့်၊ စောင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ အော်တဲ့လူက အော်၊ လက်ခုပ်တီးတဲ့လူက လက်ခုပ်တီးပေါ့။

“အဲဒီ ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ တော်တော် စိုးရိမ်ရတာပေါ့လေ။ ဒါပေမဲ့ လူထုပရိသတ်က ဒေါ်စုကို ချစ်လို့ ဝိုင်းပြီး နှုတ်ဆက်ကြတာတွေ၊ လက်ခုပ်တီးပြီး နှုတ်ဆက်ကြတာတွေ၊ ကျန်းမာပါစေ အော်တာတွေကတော့ စိတ်ချမ်းသာစရာပါပဲခင်ဗျ။ ပရိသတ်ကြီးက စောင့်ပြီးတော့မှ ဝိုင်းအုံနေတဲ့အခါကျတော့ ကျွန်တော်တို့ လူငယ်တွေက ဒေါ်စု ဘေးကနေ လက်တွဲပြီး ရံပြီးတော့မှ အဲဒီ လစ်ဘရယ်ဆိုတဲ့ အပ်ချုပ်ဆိုင်ကို တော်တော် သွားယူရတယ်။ သွားတဲ့အခါကျတော့ ဆိုင်ထဲမှာရော၊ ဆိုင်ပြင်မှာရော လူအုပ်ကြီးက စောင့်၊ စောင့်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ အော်တဲ့လူက အော်၊ လက်ခုပ်တီးတဲ့လူက လက်ခုပ်တီးပေါ့။”

“အဲဒီမှာ သူ့သားအတွက် အဲဒီမှာ အင်္ကျီအတိုင်းတွေယူ၊ အော်ဒါတွေ ပေးပြီး ချုပ်ပြီးတော့ ထွက်လာတဲ့အခါမှာလည်း အဲလိုပဲ ခက်ခက်ခဲခဲ လူကြားထဲက ထွက်ရတယ်။ ထွက်ပြီးတော့မှ ဗိုလ်ချုပ်ဈေးလမ်းမကြီး အလယ်တန်းကို ရောက်ပြီးမှ အလယ်တန်းမှာ ဒေါ်စု သူလိုချင်တဲ့ လုံချည်တို့၊ ပစ္စည်းကိရိယာတွေ ဝယ်တာ ဆိုင်နှစ်ဆိုင်မှာ ဝယ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေပိုင်းမှာ နေအိမ်မှာ သံတမန်တချို့နဲ့ တွေ့ဆုံပါတယ်။ ဒါပေမဲ့ NLD ပါတီအနေနဲ့ ဒီသတင်းကို ထုတ်ပြန်ခြင်း မရှိဘူးလို့ သိရပါတယ်။ NLD အနေနဲ့ မနက်ဖြန်မှာ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပဖို့ ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-30 15:02

ပျော်စရာကြီး။ အမေစုကျန်းမာပါစေ။