မြစ်ကြီးနားဆန္ဒပြပွဲ ဖမ်းခံရသူတွေရဲ့ ဖုန်းမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ ရှာဖွေ

2021-03-09
Share
မြစ်ကြီးနားဆန္ဒပြပွဲ ဖမ်းခံရသူတွေရဲ့ ဖုန်းမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ ရှာဖွေ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၂၀၂၁၊ မတ် ၈ ရက်နေ့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြသူတွေကို တွေ့ရစဉ်
Photo: RFA

မတ်လ ၈ ရက်နေ့ မနေ့က မြစ်ကြီးနားမြို့ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြပွဲမှာ ဖမ်းဆီးခံခဲ့ရသူ ၉၁ ဦးထဲက ၁၉ ဦးကို မနေ့ညက ပြန်လွှတ်ပေးခဲ့ပြီး ပြန်မလွှတ်သေးသူတွေရဲ့ ဖုန်းတွေမှာ ဆန္ဒပြပွဲနဲ့ပတ်သက်လို့ လှုံ့ဆော်တာတွေ ရှိ၊မရှိ စစ်ဆေးနေပါတယ်။

အဖမ်းခံရသူတွေထဲက ၁၈ နှစ်အောက်ကလေးတွေကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့သူတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ကျန်ရှိနေတဲ့သူတွေရဲ့ဖုန်းတွေထဲမှာ ဆန္ဒပြပွဲမှာ လူစုဖို့ လှုံ့ဆော်မှုတွေ ရှိ၊ မရှိ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တွေ့ရှိမယ်ဆိုရင် အမှုဖွင့် အရေးယူနိုင်ဖွယ်ရှိတယ်လို့လည်း ဦးလမိုင်ဂွမ်ဂျာ ကပြောပါတယ်။

PCG က အားလုံးကိုပြန်လွတ်ပေးဖို့ တောင်းဆိုပြီး ဆက်လက်ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေရှိသလို သေနတ်ထိမှန်လို့ နှစ်ဦး သေဆုံးသွားပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

Anonymous says:
2021-03-09 02:31

There are no leaders
Every one is leader

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့