ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်၂၀ ရပ်ကွက်မှာ ရဲတပ်ဖွဲ့က တရားခံ ဖမ်းဆီးရာမှာ သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ တောင်ဒဂုံ ရဲစခန်းကနေ သိရပါတယ်။
ဒီကနေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး တရားခံပြေးကို လိုက်ဖမ်းရာကနေ တဖက်နဲ့တဖက် သေနတ်နဲ့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ တောင်ဒဂုံရဲစခန်းက တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားပါတယ်။
တရားခံဟာ လွတ်မြောက်နေဆဲဖြစ်ကြောင်းနဲ့ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီတရားခံကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ပြီး အသေးစိတ်ကိုတော့ ဖြေကြားနိုင်ခြင်း မရှိကြောင်းလည်း တောင်ဒဂုံ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။
