ရဲတပ်ဖွဲ့နဲ့ ပါတီတွေကြား ပြဿနာမဖြစ်ဖို့ ရခိုင်ပြည်နယ်ရဲမှူး တိုက်တွန်း

2015-08-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ်
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုး ကို သြဂုတ်လ ၂၇ ရက်နေ့က စစ်တွေမြို့မှာတွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီတွေ အကြား ပြဿနာမဖြစ်အောင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဥပဒေနဲ့အညီ စနစ်တကျဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးနေမျိုးက တိုက်တွန်းလိုက်ပါတယ်။

မြို့နယ်အသီးသီးက ရဲတပ်ဖွဲ့မှူးတွေနဲ့ စစ်တွေမြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ မနေ့ကတွေ့ဆုံရာမှာ ရဲမှူးကြီး နေမျိုး က အခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

"မဲဆွယ်စည်းရုံးရေးကာလမှာ ပါတီက ထဲထဲဝင်ဝင်စည်းရုံးတော့မယ်၊ ကိုယ်အနိုင်ရရှိရေးကိုလည်း ကြိုးစားကြမှာဖြစ်တဲ့အတွက် ပြဿနာတွေဖြစ်ပေါ်လာနိုင်တယ်၊ အဲ့ဒီမှာငါတို့ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်မှုဟာ မှန်မှန်ကန်ကန်ကိုင်တွယ်နိုင်မှသာလျှင် အဆင်ပြေမယ်၊ မကိုင်တွယ်နိုင်ဘူးဆိုရင် သူတို့ရဲ့ပြဿနာတွေဟာ ရဲတပ်ဖွဲ့အပေါ်မှာ တဖြည်းဖြည်းနဲ့ ပုံကျလာနိုင်တယ်"

လာမယ့်နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေတဲ့ အတွက် အတိမ်းအစောင်းတွေမရှိအောင် အထူးသတိထားဖို့ လိုအပ်တယ်လို့လည်း ရဲမှူးကြီးနေမျိုး က ပြော ပါတယ်။

ရခိုင်ပြည်နယ်မှာ လူမျိုးရေးနဲ့ နိုင်ငံသားပြဿနာတွေရှိနေတာကြောင့် အချိန်မရွေးဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ ဟာ ရွေးကောက်ပွဲအပေါ်ထိခိုက်မှုမရှိအောင် သတိထားစောင့်ကြည့်ဖို့ လိုအပ်တယ်လို့လည်း ပြည်နယ်ရဲမှူးကြီး က ပြောခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

TinZawHtoo

နေရပ်- 0Full

ပြဿနာဆိုတာ အရင်းလား မတရားလို့လား ဝိသမလောဘကြောင့်လား မြန်မာပြည်၌ မြေရှင်ပဒေသရဇ် ငွေကိုကစား၍ တိုင်းပြည်အကြိုး မျတခြင်းမရှိသော အရင်းရှင်စီးပွားရေးစနစ် ကို အစိုးရကခွင့်ပြုတယ် အတိုးစား အချောင်စားမြန်မာ ဘာတရားသလဲ အဆင့်မရှိတဲ့ကောင်က သူခိုးကလူပြန်ဟစ်တာမြန်မာ လွှတ်လပ်ရေးဖခင် ပုံဥပမာတွေကို သန်းရွှေခေတ်က ရှုံးတွေကဖြုတ်ချတာမြန်မာ ထို့နောက်ဘုန်းကြီးအားကိုးလူမိုက်လုပ်တာ မြန်မာ ထို့နောက် နာကစ်ဘေး ငလျင်ဘေး ရေဘေးထိတာမြန်မာ ယခုလည်း လူရိုင်းများကို တရားစီရင်ရန် လူဇာတိအသက်နဲ့ သီးခံစောင့်နေတာငါဘဲ ဒါအရင်းဘဲ

Aug 28, 2015 03:44 AM

ဆိုက်တခုလုံးသို့