ကရင်တမျိုးသားလုံးပါဝင်တဲ့ညီလာခံတစ်ရပ်ကျင်း ပနိုင်ဖို့ကရင်လူထုနဲ့တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို " ကရင်အမျိုးသား စည်းလုံးရေးနဲ့ ြငိမ်းချမ်းရေးကော်မတီ " ကရန်ကုန်မြို့၊အင်းစိန်မြို့နယ်ခဝဲခြံမျက်မမြင် ကျောင်းဝင်းထဲမှာဒီကနေ့ ကျင်းပပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အနယ်နယ်အရပ်ရပ်ကကရင်တမျိုးသားလုံးပါဝင်နိုင်ရေးအတွက် ြကိုးပမ်းသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးကရင်တိုင်းရင်းသားရေးရာဝန်ကြီးဦးစောထွန်းအောင်မြင့်ကRFA ကိုပြောပါတယ်။
"ငြိမ်းချမ်းရေးအတွက်ပေါ့နော်၊ ညီလာခံတစ်ခု ကျနော်တို့လုပ်မှာပါ၊ အဲဒါကို သူတို့က အားပေးထောက်ခံတဲ့ သဘောဆောင်ရွက်တာပါ၊ အခုကျန်တဲ့တိုင်းဒေသတွေမှာ အောက်ခြေလူထုကို ချပြပြီးတော့ ရှင်းလင်းပြီးတော့ အားလုံးသဘောပေါက်နားလည်သွားအောင် ပြန်လုပ်ဖို့အစီအစဉ်တွေ ကျနော်တို့လုပ်နေတာပါ၊ ဒီလိုကျယ်ကျယ်ပြန့်ပြန့် လုပ်ပြီးသွားပြီဆိုရင်တော့ ကရင်တမျိုးသားလုံးအတွက် ငြိမ်းချမ်းရေးညီလာခံကြီးကို ဖော်ဆောင်နိုင်မယ်လို့ ယူဆပါတယ်"
ဒီကော်မတီကို ြပီးခဲ့တဲ့မတ်လကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးဒီလိုပွဲမျိုးတွေကိုကရင်တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ဒေသတွေမှာဆက်လက်ကျင်းပသွားဖို့ရှိတယ်လို့သိရပါတယ်။
ကရင်လူထုတစ်ရပ်လုံးအစိုးရနဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ြငိမ်းချမ်းရေးဖော်ဆောင်နေတဲ့ကိစ္စတွေမှာပါဝင်တယ်ဆိုတာကိုပြသနိုင်ဖို့ရည်ရွယ်ပြီးကျင်းပတာလို့လည်းဒီပွဲကိုဦးဆောင်သူတွေကပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူသတင်းပေးပို့ထားတာကိုလည်း နားဆင်နိုင်ပါတယ်။