စာနယ်ဇင်းကောင်စီ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဝန်ကြီးဦးအောင်ကြည်တို့ တွေ့မည်


2013-08-10
Share

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က တာန်ရှိသူတွေဟာ လာမယ့်ရက်ပိုင်းအတွင်း ပြန်ကြားရေးန်ကြီးဌာန န်ကြီး ဦးအောင်ကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) တာန်ရှိသူတွေက ပြောပါတယ်။

ပြန်ကြာရေးဌာနဝန်ကြီး ဦးအောင်ကြည် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ နဲ့ တွေ့ဆုံတဲ့အခါ စာနယ်ဇင်းကောင်စီက ရေးဆွဲထားတဲ့ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အလေးထားဆွေးနွေးသွားမယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့င် ဦးမြင့်ကျော်က RFA ကို အခုလို ပြောပါတယ်။

ဝန်ကြီးနဲ့တွေ့ဖို့က ဝန်ကြီးက စာနယ်ဇင်းကောင်စီဝင်တိုင်းကို ဖိတ်စာပို့လာတယ်၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အကြမ်းဖျဉ်းပြောတာကတော့ စာနယ်ဇင်းကောင်စီကရေးဆွဲတဲ့ သတင်းမီဒီယာဥပဒေနဲ့ ပတ်သက်တဲ့အပိုင်းတွေ ပြောမယ်လို့ထင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့က သူကဖိတ်တာပါ၊ ပြီးခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ စာနယ်ဇင်းကောင်စီက ဖိတ်ကြားတဲ့အခါမှာ သူတို့ဘက်က မတက်ဖြစ်တာ အဲဒီအတွက်လည်း သူတို့ပြန်ပြီးဖိတ်တဲ့သဘောလည်းပါပါလိမ့်မယ်”

သြဂုတ်လ ၁၂ ရက် တနင်္လာနေ့မှာ န်ကြီးဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ တွေ့ဆုံဖြစ်ပြီး၊ သြဂုတ်လ ၁၃ ရက် အင်္ဂါနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့