ကြေးနီစီမံကိန်းကြောင့် ဒေသတွင်းထိခိုက်မှု ပညာရှင်များအဖွဲ့ စတင်လေ့လာ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် ဒေသတွင်းထိခိုက် မှုတွေကို ပညာရှင် ၁၂ဦးပါဝင်တဲ့ အဖွဲ့က စတင် လေ့လာလျက်ရှိနေပြီလို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က ပြောပါတယ်။

2012.12.28

လေ့လာသုတေသနပြုမဲ့ ပညာရှင် ၁၂ ဦး ပါဝင်တဲ့ MEI မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့ကို တာဝန်ပေးအပ်ထားပြီးတော့ အဲဒီ့ပညာရှင်တွေက ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်မူ၊ လူမူဘဝအကျိုးသက်ရောက်မူ စတဲ့ ဖြစ်ပျက်မူများ အကျိုးဆက်များစတဲ့ ဘာသာရပ် ၁၁မျိုးကို လေ့လာသုသေတနပြုမှာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

ပညာရှင်အဖွဲ့ဟာ သီးခြားလွတ်လပ်တဲ့အဖွဲ့ဖြစ်ပြီး တွေ့ရှိချက်ပဏာမအစီရင်ခံစာကို ၂ပတ်အတွင်း တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။

ပညာရှင်များ ဆောင်ရွက်ချက်များနဲ့ ပတ်သက်လို့ ဦးတင်အောင်ခိုင်က ဒေါ်ခင်စန်းလှိုင်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး FREDA အဖွဲ့က ဦးအုံးကိုလဲ RFA ဒေါ်ခင်ခင်အိက မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။