ရန်ကုန်မြို့သစ်စီမံကိန်း ၇ ခု လွှတ်တော်မှာ တင်ပြ

2015-06-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျာထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ၇ ခုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြို့တော်ဝန် ဦးလှမြင့်က တင်ပြလိုက်ပါတယ်။

လာမယ့် သက္ကရာဇ် ၂၀၄၀ ကို ရည်မှန်းပြီး အဲဒီစီမံကိန်း ၇ခုကို အပြီးတည်ဆောက်ဖို့ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ရှင်းပြသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောပါတယ်။

"သူက မြို့ပြစီမံကိန်းတင်လာတယ်၊ အဲ့အထဲမှာ သူတို့အရင်တခါတုန်းက လွှတ်တော်မှာ ပြန်ရုပ်သိမ်းသွားတဲ့ မြို့သစ်စီမံကိန်းကို ဒုတိယဦးစားပေးအနေနဲ့ တင်လာတယ်၊ ဦးစားပေးအဆင့်တွေရှိတယ်၊ ဒဂုံမြို့နယ်က ဦးစားပေးအဆင့် ၁ အနေနဲ့ဖြစ်ပြီးတော့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ပိုင်းပေါ့ ရုပ်သိမ်းသွားတဲ့နေရာက အဆင့် ၂ ပါလာတယ်၊ ဦးစားပေးအဆင့် ၇ အထိရှိတယ်၊ တကယ့်စီမံကိန်း အကြီးကြီးပဲချပြတာ၊ ပိုက်ဆံလည်း အများကြီးသုံးမှာ၊ ဘီလျံရှစ်ထောင်ကျော်ဖိုးသုံးမှာလို့ ခန့်မှန်းတောင်မှလေ၊  JICA နဲ့ ပူူးပေါင်းတာပေါေ့နာ်၊ ဒါပေမဲ့ ဒီစီမံကိန်းကြီးတစ်ခုလုံးအတွက် ပိုက်ဆံတွေကို ဘယ်သူကပေးမယ်ဆိုတာကို ဒီနေ့ပြောမသွားဘူး၊ ရန်ကုန် တမြို့လုံးကို အရှေ့နဲ့ အနောက်ကို ချဲ့တာပေါ့နော်၊ ကွန်ရက်တွေနဲ့ မြို့ပတ်လမ်းတွေနဲ့ Plan ကတော့ တော်တော်ကောင်းတယ်၊ ဒါပေမဲ့ ဘယ်သူတွေနဲ့ ဘယ်လိုအကောင်အထည် ဖော်မှာလည်းဆိုတာ က မေးခွန်းထုတ်စရာတွေဖြစ်နေလို့"

ဒဂုံအရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ သံလျင်၊ ထန်းတပင်၊ ဒလ၊ မှော်ဘီနဲ့ လှည်းကူးမြို့သစ် စတဲ့ မြို့သစ်စီမံကိန်း ၇ ခုကို ဂျပန်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ JICA က ရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့သစ်စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ လယ်မြေတွေကို မြို့မြေတွေအဖြစ် ပြောင်းလဲ မှာဖြစ်ပြီး လျော်ကြေးပေးဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မြို့တော်ဝန်ရဲ့ တင်ပြမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက လာမယ့် ဇွန်လ ၁၉ရက်နေ့ အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ကွန်မင့်များ (7)
Share

အီကြာကွေး လိုပေါ့

နရေပျ- “ပွတက်” လာမှာ

မြို့သစ်စီမံကိန်း (၁)ခု မအောင်မြင်တော့ (၇)ခု ဖြစ်လာတယ်။ အဲဒီ(၇)ခု မအောင်မြင်ရင် ( ၇x၇ = ) ၄၉ ခု ဖြစ်သွားမယ်။

Jun 13, 2015 01:52 AM

Shwe Hman

နေရပ်- Myanmar

တစ်ခု သတိထားမိဘို့ကတော့ အရှေ့တိုင်းက ပစ္စည်းတွေ ဟာ ရေရှည် မခံ တော့ ကြာရင် ပြုပြင် ထိမ်းသိမ်းရေး မနိုင်မနင်းဖြစ်ပြီး အဲဒီ အကျိုးဆက်တွေ ခံစား ရလိမ့်မယ်။ စင်္ကာပူ မှာဆိုရင် bus တွေ train တွေ အားလုံးဟာ west က ထုတ်တာ ချည်းပဲ။

Jun 11, 2015 08:01 PM

Myo Khin

နေရပ်- Myanmar

ဘယ်လောက် မြို့သစ် စီမံကိန်း လုပ်လုပ် နောက်ဖေး လမ်းကြားနဲ့ခေတ်မမီ တဲ့ မိလ္လာ သိမ်းစံနစ် အမှိုက် သိမ်းစံနစ် ရှိနေသရျ် တော့ ကောင်းမွန်တဲ့ မြို့သစ် စီမံကိန်း မဖြစ်နိုင်ဘူး။

Jun 10, 2015 08:04 PM

လြယ္ပါတယ္

နေရပ်- မခက္ဘူး

ဒါက လွယ်ပါတယ်။ မြို့သစ် ၊အိမ်တွေရဲ့ နောက်ဖေးမှာ ပြတင်း
ပေါက် နဲ့ တံခါးပေါက် ၊ ပြီးတော့ အိမ်သာတွေ လုံး၀ မထား
ရင် ပြီးတာပါပဲ။
(တခါသုံး အိမ်သာအိတ်တွေ ထွင်ပေးမယ် ဗ ျာ ။)

Jun 11, 2015 12:14 AM

ရုပ္လႊာက ခပ္မြဲမြဲပင္

“အိမ်သာအိတ်”တဲ့။ အရေးထဲ စီးပွားရေးသောင်းက ျန်းနေပြန်ပြီ။ ခရိုနီ့သား “ခရိုပြာ”ပဲ ဖြစ်ရမယ်။

Jun 11, 2015 02:41 PM

မအောင်မမြင်ချင်းတော့ 

နရေပျ- အခါခါ ကျော့ စေချင်ပါသည်

“ ပြန်ရုပ်သိမ်းသွားတဲ့ မြို့သစ်စီမံကိန်းကို ဒုတိယဦးစားပေး အနေနဲ့ တင်လာတယ်၊ .“
( ဝတို့လုပ်တာကို တားလို့တော့ဘာရမလဲ။ ပြန်တင်မှာပေါ့။)

Jun 10, 2015 05:28 PM

ရှဲ့ ရှဲ့ ၊ ရှဲ့ ရှဲ့

နေရပ်- အရိဂပ္တိုး ၊ အရိဂပ္တိုး

“ဘယ်သူတွေနဲ့ ဘယ်လိုအကောင်အထည် ဖော်မှာလည်းဆိုတာ”.
“လူကြီး”တွေ“သိုသိုသိပ်သိပ်”လုပ်နေတယ်လို့“ယုံ”လိုက်စမ်းပါ။ ဟဲ ဟဲ ။

Jun 10, 2015 01:02 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့