အမေရိကန်သံရုံးဆန္ဒပြမှု ရုံးထုတ်


2017.05.22
winkokolatt-court-620.jpg ၂ဝ၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် တရားရုံးမှာ မေလ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Htet Arker/ RFA

ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်က ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ အမျိူးသားရေး လှုပ်ရှားသူ ၄ ဦး ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒီကနေ့ ကမာရွတ်မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားစွဲခံရသူ ၇ ဦး အားလုံး မစုံလင်တာကြောင့် လာမယ့် ဇွန်လ ၁ ရက်နေ့မှာ နောက်ထပ် ရုံးထုတ်ဖို့ ချိန်းဆိုလိုက်ပါတယ်။

အမေရိကန်သံရုံးက ရိုဟင်ဂျာနာမည် သုံးစွဲတာနဲ့ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားရေးလှုပ်ရှားသူ ၄ ဦးနဲ့ သံဃာတော် ၃ ပါးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ကမာရွတ်မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာပါ။

အဲဒီအမူမှာ ဖမ်းဆီးခံထားရတဲ့ ဦးဝင်းကိုကိုလတ်၊ ဦးနိုင်ဝင်းထွန်း၊ ဦးသက်မျိုးဦး နဲ့ ကိုနေဝင်းအောင် တို့ကို ဒီကနေ့ ရုံးထုတ်ခဲ့ပေမယ့် အမှုတွဲဖြစ်တဲ့ ဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာတော် သုံပါးက တရားရုံးကို မလာရောက်တာကြောင့် အမှုကို မစစ်ဆေးဘဲ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ နောက်ထပ်ရုံးထုတ်ဖို့ ချိန်းဆို လိုက်တာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူတစ်ဦးဖြစ်တဲ့ ဦးဝင်ကိုကိုလတ်က ဒီမိုကရေစီအစိုးရ တစ်ရပ်အနေနဲ့ အဝေဖန်ခံနိုင်မူ မရှိဘူးဆိုရင် အာဏာရှင် အစိုးရပဲဖြစ်ကြောင်း နဲ့ နောက်ထပ် ဆရာတော်သုံးပါး ပါလာမှ အမှုကို ဆက်လက်စစ်ဆေးမယ်ဆိုရင် ဆရာတော်သုံးပါးကို သူတို့ကျောင်းတိုက်မှာ သွားဖမ်းနိုင်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုဝင်းကိုကိုလတ်ရဲ့ ဇနီးဖြစ်သူ မလေပြေက အမှုနဲ့ပါတ်သက်ပြီး ရှေ့နေငှားမှာ မဟုတ်ကြောင်း ကိုဝင်းကိုကိုလတ်ကိုယ်တိုင် တရားရုံးမှာ လျောက်လဲသွားမှာဖြစ်တယ် လို့ပြောပါတယ်။

ဒီနေ့ တရားရုံးချိန်းကို အမျိုးသားရေး လှုပ်ရှားသူတွေနဲ့ သံဃာတော်တွေအပါဝင် လူဦးရေ ၃၀ ကျော် လာရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။